A d v e r t i s e m e n t With Us

လာဘ်ပေးလာဘ်ယူ အရှုပ်တော်ပုံတွင် ပါဝင်သည့် ဘလတ္တာ အခန်းကဏ္ဍ အမေရိကန် စုံစမ်း

ရာထူးကနေ ဆိုင်းငံ့ခံထားရတဲ့ ကမာ့္ဘဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ ဆပ်ဘလတ္တာရဲ့ ပေါင်သန်း ၁၀၀ လာဘ်ပေးလာဘ်ယူ အရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်တဲ့ အခန်းကဏ္ဍကို အမေရိကန် ထောက်လှမ်းရေးဗျူရို (အက်ဖ်ဘီအိုင်) က စုံစမ်းနေပါတယ်။ အားကစား ဈေးကွက်ဆိုင်ရာ ကုမ္ပဏီ အိုင်အက်စ်အယ်က ဖီဖာအရာရှိတွေကို ပေါင်သန်း ၁၀၀ ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီအထဲမှာ ဖီဖာ အမှုဆောင်အရာရှိဟောင်းနဲ့ ဖီဖာဥက္ကဋ္ဌဟောင်းတွေလည်း ပါဝင်နေပါတယ်။ အပြန်အလှန်အားဖြင့် အိုင်အက်စ်အယ်က ၁၉၉၀ ခုနှစ်နောက်ပိုင်း ရုပ်သံလွှင့်ခွင့်နဲ့ ဈေးကွက်အခွင့်အလမ်းတွေ ရရှိမှာ ဖြစ်ပါတယ်။ ဘလတ္တာကတော့ ဒီလာဘ်စားမှုကို မသိသလို တစုံတရာ အရေးယူမှု မရှိခဲ့ပါဘူး။ ဒီအတွက် လာဘ်ယူထားတဲ့ အမှုဆောင်အရာရှိတွေကို ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားအတွက် မဲပေးခွင့်ပြုခဲ့ပါတယ်။ ဘလတ္တာရဲ့ ငြင်းဆိုချက်နဲ့ပတ်သက်ပြီး သံသယဖြစ်စရာ အချက်တွေကို အက်ဖ်ဘီအိုင်က စုံစမ်းစစ်ဆေး တွေ့ရှိထားပါတယ်။ ဘလတ္တာက လာဘ်ငွေပေးခဲ့တာကို သိတယ်လို့ အက်ဖ်ဘီအိုင်က ပြောဆိုထားသလို ဆွစ်အာဏာပိုင်တွေကိုလည်း စုံစမ်းစစ်ဆေးတာကို ကူညီဖို့ တောင်းဆိုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up