A d v e r t i s e m e n t With Us

ပရီးမီးယားလိဂ်ပွဲစဉ် အဲဗာတန် ၁ – ၁ ခရစ္စတယ်ပဲလေ့စ် (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ လက်ကျန်ပွဲအဖြစ် အဲဗာတန်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ ဒီဇင်ဘာ ၇ ရက် ညက ယှဉ်ပြိုင်ရာ တဘက် ၁ ဂိုးစီနဲ့ သရေကျသွားပါတယ်။ ဒီပွဲမှာ အဲဗာတန်က အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူနိုင်ခဲ့ပေမယ့် အဖွင့်ဂိုးကိုတော့ ခရစ္စတယ်ပဲလေ့စ်က သွင်းယူသွားတာပါ။ ပွဲချိန် ၇၆ မိနစ်မှာ ခရစ္စတယ်ပဲလေ့စ်အတွက် စကော့ ဒန်း (Scott Dann) က ခေါင်းတိုက်ပြီး ဦးဆောင်ဂိုးသွင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၈၁ မိနစ်မှာ အဲဗာတန် တိုက်စစ်မှူး လူကာကူ (Romelu Lukaku) က ချေပဂိုးသွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ တဘက် ၁ ဂိုးစီနဲ့ သရေကျသွားတာပါ။ ဒီပွဲအပြီးမှာ ခရစ္စတယ်ပဲလေ့စ်က ရမှတ် ၂၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၆၊ အဲဗာတန်က ၂၂ မှတ်နဲ့ အဆင့် ၉ နေရာမှာ အသီးသီး ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up