A d v e r t i s e m e n t With Us

ဒေါ်လာသန်း ၃၀၀ တန် ဓာတ်အားပေးစက်ရုံ မြင်းခြံတွင် တည်ဆောက်မည်

ဓာတ်ပုံ - SEMBCORP UTILITIES
စင်ကာပူနိုင်ငံက ကုမ္ပဏီကြီးတခုဖြစ်တဲ့ Sembcorp ရဲ့လက်ခွဲကုမ္ပဏီက မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ဓာတ်အား ၂၂၅ မဂ္ဂါဝပ် ထုတ်လွှတ်နိုင်မယ့် လျှပ်စစ်ဓာတ်အားပေးစက်ရုံကို  အမေရိကန် ဒေါ်လာ သန်း ၃၀၀ ကုန်ကျခံ တည်ဆောက်ဖို့ ရှိနေပါတယ်။ မန္တလေးတိုင်း မြင်းခြံမှာတည်ဆောက်မယ့် အဆိုပါ ဓာတ်အားပေးစက်ရုံ စီမံကိန်းအတွက်   မြန်မာ့လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လက်အောက်ခံ ဓာတ်အားထုတ်လုပ်မှု စီမံရေးဌာနနဲ့    Sembcorp Utilities ကုမ္ပဏီတို့အကြား ဒီဇင်ဘာ ၇ ရက်နေ့မှာ MOA သဘောတူညီချက် လက်မှတ်ထိုးခဲ့တယ်လို့  ကုမ္ပဏီက ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ  ဓာတ်ငွေ့စွမ်းအင်သုံး အကြီးဆုံး ဓာတ်အားပေးစက်ရုံဖြစ်ဖို့ရှိတဲ့ ဒီစက်ရုံကို ကာဗွန်ထုတ်လွှတ်မှု အလျော့နည်းဆုံးနဲ့ ဓာတ်အားအများဆုံးထုတ်နိုင်အောင် အကောင်းဆုံးနည်းပညာသုံး တည်ဆောက်မှာဖြစ်ပြီး တိုင်းပြည်ရဲ့ လျှပ်စစ်မီး လိုအပ်ချက်ကို လျှော့ချပေးဖို့ အထောက်အကူ ဖြစ်စေမယ်လို့ ဆိုပါတယ်။ ကုမ္ပဏီရဲ့ အမှုဆောင် ဒု-ဥက္ကဋ္ဌ မစ္စတာ တန်ချန်ဂွန်ကတော့ ဒီစီမံကိန်းဟာ ကုမ္ပဏီအတွက် မြန်မာနိုင်ငံမှာ ပထမဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး ဒီစက်ရုံသစ်ဟာ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ လျှပ်စစ်စွမ်းအား အရင်းအမြစ်ကို ပံ့ပိုးပေးမှာဖြစ်ပြီး တချိန်တည်းမှာ နိုင်ငံတွင်းက တခြားစီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးရေး၊ ရေနဲ့မြို့ပြဖွံ့ဖြိုးရေးလို ကိစ္စတွေ တိုးတက်ဖို့ အခြေခံဖြစ်စေမယ်လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။ အဲဒီစက်ရုံစီမံကိန်းဟာ လာမယ့် ၂၀၁၈ ခုနှစ်မှာ တည်ဆောက်ပြီးစီးဖို့ မျှော်မှန်းထားပြီး ပြီးစီးသွားပါက ၂၂ နှစ် အရောင်းစာချုပ်နဲ့ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနကို  လျှပ်စစ်ဓာတ်အားတွေ ရောင်းချသွားဖို့ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up