မျောက်နှင့် အပြန်အလှန် ထိုးကြိတ်သတ်ပုတ်ခဲ့သည့် ဆိုင်ကယ်သမား (ရုပ်သံ)

11.2K
ဆိုင်ကယ်သမားတဦး မျောက်တကောင်နဲ့ လုံးထွေးသတ်ပုတ်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို ဗြိတိန်အခြေစိုက် မေရာသတင်းမှာ ဒီဇင်ဘာ ၅ ရက်နေ့က ဖော်ပြပါတယ်။
မျောက်ဟာ မော်တော်ဆိုင်ကယ်တစီးကို သေးနဲ့ပန်းခဲ့ချိန် ပိုင်ရှင်ကတွေ့ခဲ့ပြီး စိတ်ဆိုးဒေါသထွက်ကာ အပြန်အလှန် ထိုးကြိတ်ခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်မှာ တွေ့ရပါတယ်။
မျောက်ဟာ ဆိုင်ကယ်ဦးပိုင်းမှာ ထိုင်နေခဲ့ချိန် ဆိုင်ကယ်ပိုင်ရှင် အမျိုးသားရဲ့ သူငယ်ချင်းက ရယ်မောနေခဲ့ပေမယ့် ပိုင်ရှင်အမျိုးသားကတော့ မျောက်ကို ဖိနပ်နဲ့ စတင်ပစ်ပေါက်ခဲ့တာပါ။
အဲဒီအချိန်မှာပဲ မျောက်ဟာ သူ့ဆီ ပြေးဝင်တိုက်ခိုက်ခဲ့ပြီး မြစ်ကမ်းပါးတလျှောက် လုံးထွေးသတ်ပုတ် နေခဲ့ကြပါတယ်။
အဲဒီအမျိုးသားဟာ မျောက်ကို မြစ်ထဲတွန်းချဖို့ ရည်ရွယ်ခဲ့ပုံပေါ်တယ်လို့ သတင်းက ဆိုပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ကို ထိုင်းနိုင်ငံမှာ ဒီဇင်ဘာ ၁ ရက်နေ့က ရိုက်ကူးခဲ့တာဖြစ်ပြီး ယူကျုအင်တာနက်စာမျက်နှာ “ဗိုင်ယယ်ဟော့ဂ်” မှာ တင်ခဲ့တာပါ။
ရုပ်သံဗွီဒီယိုဖိုင် အညွှန်းမှာတော့ “’ဒီတိုက်ခိုက်မှုမှာ လူရော တိရစ္ဆာန်ပါ ထိခိုက်ဒဏ်ရာ မရရှိခဲ့ပါဘူး” လို့ ရေးခဲ့တာပါ။
ရုပ်သံ - မေရာ