A d v e r t i s e m e n t With Us

အင်္ဂလန် အနောက်မြောက်ပိုင်း ရေလွှမ်းမိုးမှုအတွင်း ပိတ်မိနေသူများကို ကယ်ဆယ် (ရုပ်သံ)

ဗြိတိန်နိုင်ငံမှာ စစ်တပ်နဲ့ ပင်လယ်ပြင် ကယ်ဆယ်ရေးလုပ်သားတွေ၊ မီးသတ်သမားတွေနဲ့ တောင်ပေါ်ကယ်ဆယ်ရေး အဖွဲ့တွေက ကမ်ဘရီယာနယ်မှာ နေ့ရော ညပါ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေရပါတယ်။ အင်္ဂလန်နယ် အနောက်မြောက်ပိုင်းက ဆိုးရွားပြင်းထန်တဲ့ ရေလွှမ်းမိုးမှုအတွင်း အိမ်ထဲမှာ ပိတ်မိနေတဲ့ လူတွေကို ဒီဇင်ဘာ ၆ ရက်နေ့မှာ ကယ်ထုတ်နေတာပါ။ မုန်တိုင်း ဒဲ့စ်မွန်က  ဗြိတိန်မြောက်ပိုင်းကို တိုက်ခတ်ခဲ့အပြီး အရေးပေါ် တုံ့ပြန်ရေး ညှိနှိုင်းဆောင်ရွက်ဖို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ဒီဇင်ဘာ ၇ ရက်နေ့မှာ အရေးပေါ် အစည်းအဝေးလုပ်ဖို့ ခေါ်ယူခဲ့ပါတယ်။ အင်္ဂလန်နယ် အနောက်မြောက်ပိုင်းမှာ ထောင်သောင်းချီနေတဲ့ အိမ်တွေ လျှပ်စစ်မီး ပြတ်တောက်ခဲ့တယ်လို့ ဗြိတိသျှ မီဒီယာတွေက ပြောပါတယ်။ ဒီဇင်ဘာ ၆ ရက် ညနေပိုင်းမှာ ဗြိတိန် မိုးလေဝသရုံးက ဆိုးရွားပြင်းထန်တဲ့ ရေလွှမ်းမိုးမှု သတိပေးချက် ၅၀ ကို ကြေညာခဲ့ပါတယ်။ အနောက်မြောက် လမ်းကြောင်းကနေတဆင့် လန်ဒန်ကနေ စကော့တလန်ကို ပြေးဆွဲတဲ့ ရထားခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ရပါတယ်။ ဆေးရုံ ၂ ခုမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့တယ်လို့ ဗြိတိသျှ မီဒီယာတွေက အစီရင်ခံခဲ့ပါတယ်။ ဒေသခံတွေကတော့ ရေလွှမ်းမိုးမှုအတွင်း ရေဆိုးတွေကြောင့်ဖြစ်တဲ့ ရောဂါပြန့်ပွားမှာကို စိုးရိမ်နေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up