A d v e r t i s e m e n t With Us

ဒေါ်အောင်ဆန်းစုကြည်နှင့် သူရ ဦးရွှေမန်း ၈ ကြိမ်မြောက် တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နှင့် သူရ ဦးရွှေမန်းတို့ နိုဝင်ဘာ ၁၉ရက်နေ့က တွေ့ဆုံစဉ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၇ ရက် ဒီနေ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ၈ ကြိမ်မြောက် တွေ့ဆုံခဲ့ပါတယ်။ ဒီနေ့ မနက် ၁၀ နာရီ ၁၅ မိနစ်ကနေ ၁၁ နာရီခွဲအထိ တနာရီကျော်လောက် နေပြည်တော် လွှတ်တော်အဆောက်အဦးအတွင်းက ရုံးခန်းမှာ ထပ်မံတွေ့ဆုံခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ အကြိမ်ကြိမ်တွေ့ဆုံမှု ရှိခဲ့ပေမယ့် မီဒီယာတွေကိုတော့ သတင်းထုတ်ပြန်လေ့ မရှိခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချူပ်မှူးကြီးဟောင်း ဦးသန်းရွှေတို့ရဲ့ တွေ့ဆုံမှုကို သူရဦးရွှေမန်းက စီစဉ်ပေးတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up