A d v e r t i s e m e n t With Us

အင်ဒိုနီးရှားတွင် ရထားနှင့် မီနီဘတ်စ် တိုက်၊ အနည်းဆုံး လူ ၁၈ ဦးသေဆုံး

ဓာတ်ပုံ - အေအက်ဖ်ပီ
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ဒီဇင်ဘာ ၆ ရက် တနင်္ဂနွေနေ့က ရထားတစီးနဲ့ မီနီဘတ်စ်တစီးတို့ တိုက်မိကြရာမှာ အနည်းဆုံး လူ ၁၈ ဦး သေဆုံးပြီး အတော်များများ ဒဏ်ရာရရှိသွားကြတယ်လို့ ဒေသတွင်း မီဒီယာက ထုတ်ပြန်ပါတယ်။ ဒေသစံတော်ချိန် မနက် ၈ နာရီ ၄၈ မိနစ်လောက်က အနောက်ဂျကာတာက ရထားလမ်းဆုံမှာ ဖြစ်ပွားခဲ့တဲ့ ရထားနဲ့ကားတိုက်မှုမှာ မီနီဘတ်စ် ဒရိုင်ဘာလည်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ရထားလာနေချိန် အချက်ပေးသံ မြည်နေတဲ့ကြားကပဲ မီနီဘတ်စ်က ရထားလမ်းကို ဖြတ်မောင်းတာလို့ ရထားလမ်းစောင့်တဦးရဲ့ အစီရင်ခံစာကို ကိုးကားပြီး ဒေသမီဒီယာက အစီရင်ခံသွားပါတယ်။ အခု ရထားနဲ့ကားတိုက်မှုမှာ ဒဏ်ရာရသွားကြတဲ့ မီနီဘတ်စ် ခရီးသည်တွေကို အနီးအနားက ဆေးရုံတွေဆီ ပို့ဆောင်ထားတယ်လို့ ရဲအရာရှိတဦးရဲ့ ပြောကြားချက်ကို ဒေသခံ ရုပ်သံ မက်ထရိုတီဗွီက ထုတ်လွှင့်သွားပါတယ်။ စုံစမ်းစစ်ဆေးရေးလည်း ဆက်လုပ်ဆောင်နေပါတယ်လို့ ဆိုပါတယ်။ လူဦးရေနဲ့ စီးပွားရေးဖွံ့ဖြိုးမှု အချိုးမညီတဲ့ အင်ဒိုနီးရှားမှာ ရထားတိုက်မှုတွေနဲ့ တခြား ခရီးသွား မတော်တဆမှုတွေက မကြာခဏ ဖြစ်ပွားတတ်လေ့ ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up