A d v e r t i s e m e n t With Us

အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ မြန်မာအသင်း ရွှေတံဆိပ် ၁၀ ခုရရှိထား

စင်ကာပူမှာ ကျင်းပနေတဲ့ အာဆီယံ မသန်းစွမ် အားကစားပြိုင်ပွဲမှာ ဒီဇင်ဘာ ၇ ရက်မနက်အထိ စာရင်းတွေအရ မြန်မာအသင်းက ရွှေတံဆိပ် ၁၀ ခု၊ ငွေတံဆိပ် ၉ ခု၊ ကြေးတံဆိပ် ၂၂ ခု ရရှိထားပြီး နိုင်ငံအလိုက် အမှတ်စဉ် ၆ နေရာမှာ ရှိပါတယ်။ ထိပ်ဆုံးမှာ အင်ဒိုနီးရှားနိုင်ငံက ရွှေတံဆိပ် ၄၆ ခု၊ ငွေတံဆိပ် ၄၅  ခု၊ ကြေးတံဆိပ် ၂၇ ခု ရရှိထားပါတယ်။ အင်ဒိုနီးရှားအောက်မှာ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူတို့က အစဉ်လိုက် ရှိနေပါတယ်။ အာဆီယံ မသန်းစွမ် အားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၃ ရက်နေ့ကနေ ၉ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up