ပေါက်ဖော်သတင်းစာ ဖြန့်ချိ

တရုတ်နိုင်ငံမှာ ပေါက်ဖော်အမည်ရှိ မြန်မာဘာသာနဲ့ ပထမဆုံး ထုတ်ဝေတဲ့ သတင်းစာကို ဒီဇင်ဘာ ၄ ရက်နေ့က စတင်ဖြန့်ချိလိုက်ပြီလို့ တရုတ်သတင်းတွေမှာ ဖော်ပြပါတယ်။ နှစ်နိုင်ငံပြည်သူတွေအကြား ချစ်ကြည်ရေးကို ရည်ညွှန်းတဲ့ ဒီသတင်းစာကို မြန်မာနယ်စပ်နဲ့ ကပ်နေတဲ့ တက်ဟုန်း ပြည်နယ်ခွဲနဲ့ ကျင်းပို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထုတ်  Tuanjie သတင်းစာတိုက်က ထုတ်ဝေတာပါ။ တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ်မှာ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာတွေအတွက် ရည်ရွယ်ထုတ်ဝေတာလို့ ဆိုပါတယ်။ လက်ရှိ တက်ဟုန်းဒေသမှာ မြန်မာ ၅၀၀၀၀ လောက် လာရောက် အလုပ်လုပ်ကိုင် နေထိုင်နေကြတာဖြစ်ပြီး အပတ်စဉ်ထုတ်ဝေတဲ့ အဆိုပါသတင်းစာကို အခမဲ့ ဖြန့်ဝေပေးသွားမယ်လို့ China Plus သတင်းမှာ ဖော်ပြပါတယ်။ သတင်းဓာတ်ပုံ - China Plus  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up