ယီမင် ကားဗုံးခွဲတိုက်ခိုက်မှုအတွင်း အေဒင်မြို့ အုပ်ချုပ်ရေးမှူးနှင့် တပ်ဖွဲ့ဝင် ၆ ဦး သေဆုံး (ရုပ်သံ)

4.8K
ယီမင်နိုင်ငံတောင်ပိုင်းက အစိုးရအမာခံမြို့ဖြစ်တဲ့ အေဒင်မြို့မှာ ဒီဇင်ဘာ ၆ ရက်နေ့ ကားဗုံးခွဲတိုက်ခိုက်မှုအတွင်း အေဒင်မြို့ အုပ်ချုပ်ရေးမှူးနဲ့ သူ့ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၆ ဦး သေဆုံးသွားပါတယ်။
အေဒင်မြို့ အုပ်ချုပ်ရေးမှူး ဂျာဖာ မိုဟာမက် ဆတ်ဒ် (Jaafar Mohammed Saad) ရဲ့ ယာဉ်တန်းဟာ ရုံးတက်ဖို့အသွား လမ်းမှာ အခွဲခံရတာဖြစ်ပြီး အိုင်အက်စ် အကြမ်းဖက်တွေက သူတို့ရဲ့လက်ချက်လို့ ကြေညာထားပါတယ်။
အိုင်အက်စ် အကြမ်းဖက်တွေဟာ ယိမင်အစိုးရကိုရော၊ နိုင်ငံနေရာအများစုကို သိမ်းပိုက်ထားတဲ့ အီရန်နောက်ခံ ရှီယာသူပုန်တွေကိုရော တိုက်ခိုက်နေတာပါ။
နိုင်ငံမြောက်ပိုင်းက ဟူသီသူပုန်တွေဟာ ဆာနာမြို့တော်နဲ့ ယီမင်နိုင်ငံ နယ်ပယ်အများစုကို သိမ်းပိုက်ထားပြီး အခုနှစ်ဆန်းပိုင်းမှာမှ ဆော်ဒီခေါင်းဆောင်တဲ့ မဟာမိတ်တပ်တွေရဲ့ အကူအညီနဲ့ အေဒင်မြို့ကို ပြန်လည်သိမ်းပိုက်ခဲ့ကြပါတယ်။
ယီမင်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ ယီမင်သမ္မတ ဟာဒီတို့ ၈ လကြာ ယီမင်ပြည်တွင်းစစ် အဆုံးသတ်ရေး ဆွေးနွေးနေချိန်မှာပဲ အခုတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။
အေဒင်မြို့ အုပ်ချုပ်ရေးမှူးကို ပြီးခဲ့တဲ့ အောက်တိုဘာလကမှ ခန့်အပ်ခဲ့တာဖြစ်ပြီး သူသေဆုံးသွားတဲ့အတွက် အေဒင်မြို့မှာ ယီမင်အစိုးရ ယာယီ ပြန်အခြေတည်နိုင်ရေး ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တွေရဲ့ ကြိုးစားမှုကို အကြီးအကျယ် ထိခိုက်နိုင်တယ်လို့ သတင်းတွေက ဆိုပါတယ်။