A d v e r t i s e m e n t With Us

နာပိုလီရှုံးပြီး ဖီအိုရင်တီးနား နိုင်သည့် စီးရီးအေပွဲစဉ် ၁၅ (ရုပ်သံဟိုက်လိုက်)

ဒီဇင်ဘာ ၆ ရက်ညက အီတလီ စီးရီးအေ ပွဲစဉ် ၁၅ အဖြစ် ဘိုလော့နာနဲ့ နာပိုလီတို့ ယှဉ်ပြိုင်ရာ ဘိုလော့နာက အိမ်ကွင်းမှာ ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ ဘိုလော့နာက အနိုင်ဂိုး ၃ ဂိုး သွင်းယူပြီးမှ ချေပဂိုး ၂ ဂိုး ပြန်ပေးခဲ့ရတာပါ။ ဘိုလော့နာအတွက် ဂိုးတွေကို ၁၄ မိနစ်နဲ့ မိနစ် ၆၀ မှာ ဒက်စ်ထရို (Mattia Destro) က ၂ ဂိုး၊ ၂၁ မိနစ်မှာ ရိုဆက်တီနီ (Luca Rossettini) က တဂိုး သွင်းယူပေးခဲ့တာပါ။ နာပိုလီအတွက် ချေပဂိုး ၂ ဂိုးကိုတော့ ပွဲချိန် ၈၇ မိနစ်နဲ့ မိနစ် ၉၀ တို့မှာ ဟီဂူအင် (Gonzalo Higuain) တဦးတည်းက သွင်းယူပေးခဲ့ပါတယ်။ ဒီဇင်ဘာ ၆ ရက်ညကပဲ တချိန်တည်းကန်ခဲ့တဲ့ ဖီအိုရင်တီးနားနဲ့ အူဒီးနိစ်တို့ ပွဲစဉ်မှာတော့ အိမ်ရှင် ဖီအိုရင်တီးနားက ၃ ဂိုးပြတ် အနိုင်ရသွားပါတယ်။ ဖီအိုရင်တီးနားအတွက် ဂိုးတွေကို ပွဲချိန် ၂၆ မိနစ်မှာ မီလန် (Milan Badelj) က ပထမဂိုး၊ ၆၂ မိနစ်မှာ ဂျိုဆစ် အီလီဆစ် (Josip Ilicic) က ပယ်နယ်တီမှတဆင့် ဒုတိယဂိုး၊ ၈၆ မိနစ်မှာ ဂွန်ဇာလို ရိုဒရီဂွက်ဇ် (Gonzalo Rodriguez) က တတိယဂိုး အသီးသီး သွင်းယူပေးခဲ့တာပါ။ ဒီပွဲစဉ်တွေ အပြီးမှာတော့ ဖီအိုရင်တီးနားက ရမှတ် ၃၂ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၂၊ နာပိုလီက ၃၁ မှတ်နဲ့ အဆင့် ၃၊ အူဒီးနိစ်က ရမှတ် ၁၈ မှတ်နဲ့ အဆင့် ၁၃၊ ဘိုလော့နာက ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၁၅ နေရာမှာ အသီးသီး ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up