ပရီးမီးယားလိဂ်ပွဲစဉ် နယူးကာဆယ် ၂ – ၀ လီဗာပူး (ရုပ်သံဟိုက်လိုက်)

5K
ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ အဖြစ် နယူးကာဆယ်နဲ့ လီဗာပူးတို့ ဒီဇင်ဘာ ၆ ရက်ညက ယှဉ်ပြိုင်ရာ နယူးကာဆယ်က အိမ်ကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ အံအားသင့်ဖွယ် အနိုင်ရသွားပါတယ်။
ပွဲချိန် ၆၉ မိနစ်မှာ လီဗာပူးနောက်ခံလူ မာတင် စကာတယ် (Martin Skrtel) ကိုယ့်ဂိုးကိုယ်သွင်းမိလို့ နယူးကာဆယ် အဖွင့်ဂိုးရသွားပါတယ်။
ပွဲချိန် မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပိုမှာ နယူးကာဆယ်အတွက် အနိုင်သေချာစေမယ့် ဒုတိယဂိုးကို ဂျော်ဂျီနီယို ၀စ်ခ်ျနာလ်ဒမ် (Georginio Wijnaldum) က သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ လီဗာပူးအသင်း ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။
ဒီပွဲရှုံးနိမ့်ခဲ့တဲ့ လီဗာပူအသင်း ရမှတ် ၂၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၇ မှာ ရပ်တည်နေပြီး နယူးကာဆယ်ကတော့ တန်းဆင်းဇုန်က မလွတ်သေးဘဲ ရမှတ် ၁၃ မှတ်နဲ့ အဆင့် ၁၈ မှာ ရပ်တည်နေပါတယ်။