Home
မြန်မာသတင်း
မ၀င်းမော်ဦးအတွက် မိဘများ အမျှမဝေသေး
DVB
·
December 6, 2015
12357112_805169806275471_822159318280914169_o
12322835_805169679608817_4260797148407098885_o
12313702_805169489608836_5324732098217824469_n
12307986_805170246275427_1003831905251382843_o
12304286_805170169608768_986968249959021430_o
၈ လေးလုံး လူထုဒီမိုကရေစီ အရေးတော်ပုံ ကာလအတွင်းမှာ  စစ်တပ်က ပစ်ခတ်တဲ့ သေနတ်ကျည်ဆန်ထိမှန်  သေဆုံးခဲ့တဲ့   မဝင်းမော်ဦးအတွက်  ကောင်းမှုအလှူပွဲကို ဒီဇင်ဘာလ ၆ ရက်နေ့က ကျင်းပါတယ်။ ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် အရွှဲကျေးရွာအုပ်စု အမြောင်ကျေးရွာက ဝေဠုဝန် ဘုန်းတော်ကြီးကျောင်းမှာ နိုင်ငံရေး အကျဥ်းသားဟောင်း  ဦးအုန်းကျော်က ဦးဆောင်ပြီး မဝင်းမော်ဦး အမျှဝေပွဲကို ကျင်းပပြုလုပ်ခဲ့တာပါ။ မဝင်းမော်ဦးပွဲကို ဦးဆောင်ကျင်းပခဲ့တဲ့ ဦးအုန်းကျော်ကတော့ နိုင်ငံရေးစနစ်တွေ ပြောင်းလာကာ နှစ်ပေါင်း ၂၇ နှစ်ကျော်ကြာအောင် အချိန်တွေကြာလာပြီဖြစ်တာကြောင့် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တဦးအနေနဲ့ အမျှဝေပွဲပြုလုပ်ရတာဖြစ်တယ်လို့ပြောပါတယ်။ အဲ့ဒီပွဲကို မဝင်းမော်ဦးရဲ့ မိဘတွေတက်ရောက်ခဲ့ပေမယ့် အမျှဝေရာမှာ ပါဝင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ လက်ရှိအချိန်မှာ အန်အယ်လ်ဒီ အနိုင်ရပြီဖြစ်ပေမယ့် အဏာလွှဲပြောင်းခြင်း မရှိသေးတာကြောင့် အမျှမဝေတာဖြစ်ပြီး အာဏာလွှဲပြောင်းပြီးချိန် ရောက်တဲ့အခါမှာ မဝင်းမော်ဦးရဲ့ ဆန္ဒအတိုင်း အမျှဝေသွားမယ်လို့ မဝင်းမော်ဦးရဲ့ဖခင် ဦးဝင်းကြူက ဒီဗွီဘီ ကို ပြောပါတယ်။ ၈၈ ဒီမိုကရေစီလူထုလုပ်ရှားမှုမှာ အကသ ကျောင်းသူတဦးအနေနဲ့ပါဝင်ခဲ့တဲ့ မဝင်းမော်ဦးဟာဆိုရင် ၁၉၈၈ စက်တင်ဘာ ၁၉ ရက် ရန်ကုန်မြို့က လူထုချီတက်ပွဲကို အစိုးရရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကို ခံခဲ့ရပြီး သေနတ်ထိမှန် သေဆုံးခဲ့တာဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - သော်ဇင်မျိုး  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024