ထိုင်းဘုရင်ကြီးမွေးနေ့ ဆိုင်ကယ် အခမဲ့ စီးခွင့်ပြုသူ (သတင်းဓာတ်ပုံ)


897
ထိုင်းဘုရင်ကြီးရဲ့ ၈၈ နှစ်မြောက် မွေးနေ့မှာ အသက် ၅၃ နှစ်အရွယ် ဆိုင်ကယ်တက္ကစီ မောင်းနေတဲ့ ထိုင်းနိုင်ငံသား တဦးဟာ ဆိုင်ကယ်ကို အခမဲ့ စီးခွင့်ပြုခဲ့ပြီး ကုသိုလ်ယူခဲ့ပါတယ်။
ဆိုင်ကယ်သမားရဲ့အမည်ကတော့ နိုင်စူပစ်၊ ဦးထိုင်းဌာနီခရိုင်က ဒေသခံတဦးဖြစ်ပြီး ကျောနံပါတ် ၂၉၊ ရာမင်းထရာ ၃၉ နယ်မှာ တက္ကစီ ဆိုင်ကယ် မောင်းနှင်းနေသူလည်း ဖြစ်ပါတယ်။
ဆိုင်ကယ်မောင်းတဲ့ အင်္ကျီမှာလည်း ဒီဇင်ဘာ ၅ ရက်နေ့မှာ အဖေအတွက် အကောင်းလုပ်မယ်ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါတယ်။
ခရီးသည်တဦးက “သူဟာ လူမရွေးပါဘူး၊ နီးနီး ဝေးဝေး အားလုံးကို လိုက်ပို့ပေးပါတယ်၊ ပိုက်ဆံ မယူဘူး” လို့ ပြောကြောင်း ဒီဇင်ဘာ ၅ ရက်နေ့က ထိုင်းရတ် သတင်းမှာ ဖော်ပြထားပါတယ်။
ဆိုင်ကယ်သမားက “ထိုင်းဘုရင်ကြီးမွေးနေ့မှာ အခုလို ကျနော်လုပ်တာ စိတ်ချမ်းသာတယ်၊ ဒါပေမယ့် စိတ်မကောင်းဖြစ်မိတာက မိုးလည်းရွာတော့ ခရီးသည်တွေ ဒီကနေ့ အရမ်းနည်းတယ်” လို့ ဆိုပါတယ်။