တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူးချုပ်ကို ဖမ်းဆီးခွင့်ပြုရန် တောင်းဆို

ဟိုဆေး လူးဝစ္စ မေ့ဇ်နာ
တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် ကွန်မီဘိုလ်ရဲ့ အတွင်းရေးမှူးချုပ် အာဂျင်တီးနားနိုင်ငံသား ဟိုဆေး လူးဝစ္စ မေ့ဇ်နာကို ဖမ်းဆီးခွင့်ပြုဖို့ အမေရိကန်အာဏာပိုင်တွေက ဒီဇင်ဘာ ၃ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။ ဒါဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာမှာ အတွင်းလှိုက် ခြစားမှုသတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာပြီးနောက်မှာ ခုလို ဖမ်းဆီးမိန့် တောင်းခံလိုက်တာလည်း ဖြစ်ပါတယ်။ အမေရိကန် ဖက်ဒရယ်စုံစမ်းရေးအဖွဲ့ FBI က ဦးဆောင်ပြီး စစ်ဆေးနေတဲ့ အကျင့်ပျက်လာဘ်စားမှုထဲမှာ ဘရာဇီးနဲ့ အာဂျင်တီးနားလို ဘောလုံးသြဇာကြီးမားတဲ့ နိုင်ငံတွေပါ ပါဝင်နေတဲ့ ကွန်မီဘိုလ် အဖွဲ့ကလည်း နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်မှု ရှိနေတယ်လို့ ဆိုပါတယ်။ ဇွန်လတုန်းက ကွန်မီဘိုလ်အဖွဲ့ရဲ့ ရုံးချုပ်ကနေ လွတ်ကင်းမိန့် ရုပ်သိမ်းတဲ့ ဆောင်ရွက်ချက်တရပ်ကို ပါရာဂွေး ကွန်ဂရက်စ်ကနေ အတည်ပြုခဲ့ပါတယ်။ အက်ဆွန်စီယွန် လေဆိပ်အနီးက ဟက်တာ ၄၀ ကျယ်တဲ့နေရာပေါ်က အဆောက်အဦဟာ ၁၉၉၇ မှာ ဖွင့်လှစ်ချိန်ကတည်းက ရှာဖွေမှုကနေ ကင်းလွတ်ခဲ့တာဖြစ်ပါတယ်။ တောင်အမေရိကမှ ၈ ဦး အပါအ၀င် ဘောလုံးအသင်းအရာရှိတွေနဲ့ အားကစား ဈေးကွက်အရာရှိ ၁၄ ဦးကို အမေရိကန်ပြည်ထောင်စုမှာ မေလတုန်းက ဒေါ်လာ သန်း ၁၅၀ ကျော် တန်ကြေးရှိတဲ့ လာဘ်ပေးလာဘ်ယူမှု၊ ငွေကြေးခ၀ါချမှု စတဲ့ စွဲချက်တွေနဲ့ အမှုစွဲဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up