A d v e r t i s e m e n t With Us

ထိုင်းဘုရင့်သမီးတော် လုံခြုံရေးအဖွဲ့ လမ်းပျက်စီးမှုကြောင့် ထိဝါးဘီးထရွာတွင် သောင်တင်

ထိုင်းဘုရင်သမီးတော် သီရိဒုံကို လုံခြုံရေးယူပေးတဲ့ ထိုင်းအစိုးရ ၀န်ထမ်း အယောက် ၃၀၀ လောက်ဟာ ဒီဇင်ဘာ ၅ ရက်နေ့က ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မယ်လမတ် မြို့နယ်မှာရှိတဲ့ ထိဝါးဘီးထ ကျေးရွာမှာ သောင်တင်နေခဲ့ပါတယ်။ ဒီဇင်ဘာ ၄ ရက်နေ့ ညနေပိုင်းကနေ စပြီးတော့ တညလုံး မိုးရွာသွန်းမှုကြောင့်  လမ်းတွေ ပျက်စီးသွားလို့ အဲဒီ  ထိဝါးဘီးထ ကျေးရွာမှာ ၀န်ထမ်းတွေ အားလုံး နေခဲ့ရကြောင်း ထိုင်း Matichon  သတင်းဌာနမှာ ရေးသား ဖော်ပြထားပါတယ်။ ထိုင်းသတင်းအရ ထိုင်းဘုရင်သမီးတော်ဟာ ထိဝါးဘီးထ ကျေးရွာမှာ အခမ်းအနားတခု သွားရောက်ပြီး အပြန်မှာ အခုလို အဖြစ်နဲ့ ကြုံရတာ ဖြစ်ပါတယ်။ မယ်လမတ် မြို့နယ် ရဲအရာရှိ လိခစ်ဘုန်းကတော့ အခု ၀န်ထမ်းတွေ အားလုံးဟာ စားဖို့ သောက်ဖို့အတွက် ရွာသားတွေဆီကနေ  ၀ယ်စားနေရကြောင်း ထိုင်း Matichon  သတင်းကို ပြောပါတယ်။ တချို့ကတော့ ကားထဲမှာ အိပ်တဲ့လူတွေ ရှိသလို အဲဒီရွာမှာရှိတဲ့ စာသင်ကျောင်း တကျောင်းမှာ နေရာ ထိုင်ခင်းအတွက် စီစဉ်ထားပေးကြောင်း အဆိုပါ ရဲအရာရှိက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up