စကိတ်စီးစဉ် ရေခဲတွင်းထဲချော်ကျသည့် အဘိုးအို (ရုပ်သံ)

1.1K
တရုတ်နိုင်ငံ၊ ဟဘေးခရိုင်၊ ချန်လီဒေသမှာ အဘိုးအိုတဦးဟာ စကိတ်စီးနေတုန်း ရေခဲတွင်းထဲကျခဲ့တဲ့အတွက် ကယ်ဆယ်ရေးသမားတွေက ကယ်တင်ခဲ့ကြရပါတယ်။
အသက် ၆၀ အရွယ်ရှိ အဲဒီအဘိုးအိုဟာ ရေလှောင်တမံငယ်တခုရဲ့ ရေခဲမျက်နှာ ပြင်ပေါ်မှာ စကိတ်စီးနေတုန်းမှာ ခုလိုဖြစ်ခဲ့တာလို့ စီစီတီဗွီသတင်းမှာ ဒီဇင်ဘာလ ၆ ရက်နေ့က ဖော်ပြပါတယ်။
အဘိုးအိုဟာ ရေခဲတွင်းထဲ ချော်ကျခဲ့တဲ့အတွက် ရေခဲရေထဲမှာ အသက်ကို ခက် ခက်ခဲခဲရှုနေခဲ့ရတာပါ။
မကြာခင်မှာပဲ ကယ်ဆယ်ရေးသမားတွေရောက်ရှိလာပြီး သူ့ကို တွင်းထဲကဆွဲ ထုတ်နိုင်ဖို့ ကြိုးတွေအသုံးပြုပြီး ကယ်တင်ခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်မှာ တွေ့ရပါ တယ်။