ရွှေဆိုင်ထဲ လက်နက်ကိုင်လုယက်သူကို ၀န်ထမ်းက ပြန်တိုက်ခိုက် (ရုပ်သံ)

2.9K
တရုတ်နိုင်ငံတောင်ပိုင်း၊ ဂွမ်ဒေါင်းခရိုင်၊ ဟီရှန်ဒေသမှာ ဒီဇင်ဘာလ ၃ ရက်နေ့က ရွှေဆိုင်တဆိုင်ထဲကို လက်နက်ကိုင်လုယက်မှုကျူးလွန်သူကို ၀န်ထမ်းတဦးက ပြန် လည်ခုခံတိုက်ခိုက်ခဲ့ပါတယ်။
လက်နက်ကိုင်အမျိုးသားဟာ ပုဆိန်တလက်ကို ကိုင်လာခဲ့တာဖြစ်ပြီး ရတနာ တွေ ယူဆောင်ဖို့ ဆိုင်ကောင်တာတွေကို ရိုက်ခွဲဖျက်ဆီးခဲ့တာလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
အဲဒီအချိန်မှာ ဆိုင်တွင်းတာဝန်ကျဝန်ထမ်းက ရဲတွေမရောက်လာခင်မှာ တိုက် ခိုက်ဖမ်းချုပ်လိုက်နိုင်ပြီး လက်ပူးလက်ကြပ်ဖမ်းဆီးနိုင်ခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်မှာ တွေ့ ရပါတယ်။
ရုပ်သံ- စီစီတီဗွီ