အိုင်အက်စ်နှင့် ဆက်နွှယ်သည့် သံသယရှိသူ ၄ ဦးကို ဖမ်းမိရေး ထိုင်းကြိုးပမ်း

ထိုင်းနိုင်ငံမှာ အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ်အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်တယ်လို့ သံသယရှိသူ ဆီးရီးယား နိုင်ငံသား ၄ ဦးကို ဖမ်းဆီးဖို့ ကြိုးစားနေပြီး ပြည်သူတွေအနေနဲ့ တွေ့ရှိပါက အကြောင်းကြားဖို့ ထိုင်းအာဏာပိုင်တွေက တိုက်တွန်းလိုက်ပါတယ်။ ဆီးရီးယားနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံထဲကို အလည်ဗီဇာနဲ့ ၀င်ရောက်လာတာဖြစ်ပြီး သက်တမ်းကုန်လို့ ဗီဇာထပ်မံရရှိဖို့ ကြိုးစားနေကြောင်း ဒီဇင်ဘာလ ၆ ရက်နေ့က TNN သတင်း အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ သူတို့ဟာ ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမှာရှိတဲ့ လူဝင်မှု ကြီးကြပ်ရေးဌာန (လ၀က)နဲ့ နောင်ခိုင်နယ်စပ်တွေမှာ ဗီဇာ ရရှိဖို့အတွက် ကြိုးစားနေကြောင်း  သတင်းက ဆိုပါတယ်။ အဆိုပါသတင်းအရ ဆီးရီးယား နိုင်ငံသား ၄ ဦးဟာ အသက် ၂၉ နှစ်အရွယ်ကနေ အသက် ၅၇ နှစ် အရွယ်တွေ ဖြစ်ကြပါတယ်။ ထိုင်းနိုင်ငံ လုံခြုံရေး ကောင်စီကတော့ သူတို့တွေဟာ အိုက်အက်စ်အဖွဲ့နဲ့ ပတ်သက်မှု ရှိမရှိ ဆိုတာကို အတည်မပြုနိုင်သေးပေမယ့် ထိုင်းပြည်သူတွေ အနေနဲ့ တွေ့ရှိပါက သက်ဆိုင်ရာကို အကြောင်းကြာပေးဖို့ ပြောဆိုထားပါတယ်။ နိုဝင်ဘာလ နောက်ဆုံး ၂ ပတ်မှာ ပတ္တယားကို ၄ ဦး၊ ဖူးခက်နဲ့ ဘန်ကောက်မြို့ကို ၂ ဦး၊ တခြားမြို့ကို ၂ ဦးစီ လာရောက်ဖို့ရှိတယ်လို့ မကြာသေးခင်က သတင်းထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up