A d v e r t i s e m e n t With Us

တောင်ငူမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဓားထိုးခံရပြီး သေဆုံး

တောင်ငူမြို့ အမှတ် ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဘေးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မျိုးဟာ ဒီဇင်ဘာလ ၅ ရက်နေ့ ညနေ ၆ နာရီခွဲက ဓားထိုးခံခဲ့ရပါတယ်။ ဓားထိုးခံရပြီးနောက် တောင်ငူပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသစဉ် နာရီဝက်လောက်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။ ဓားနဲ့ ထိုးသွားသူဟာ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်နေ မသီတာအေး အသက် ၁၈ နှစ်ဖြစ်ပြီး အခင်းဖြစ်တဲ့နေရာမှာဖမ်းဆီးမိခဲ့ပါတယ်။ အခုလက်ရှိမှာတော့ အမှုဖြစ်စဉ်တွေကို သိရဖို့ တောင်ငူ အမှတ် ၂ ရဲစခန်းမှာ စစ်ဆေးနေဆဲဖြစ်ပါတယ်။  

A d v e r t i s e m e n t With Us

More News
Up