A d v e r t i s e m e n t With Us

စပိန်လာလီဂါ ရီးရဲလ် ၄-၁ ဂီတာဖေး (ရုပ်သံဟိုက်လိုက်)

ဒီဇင်ဘာ ၅ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ စပိန်လာလီဂါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းက ဂီတာဖေးအသင်းကို ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိသွားပါတယ်။ ရီးရဲလ်အတွက် အနိုင်ဂိုးတွေကို ပထမပိုင်းမှာတင် သွင်းယူခဲ့ကြတာဖြစ်ပြီး ဘန်ဇီမာက ၄ မိနစ်နဲ့ ၁၆ မိနစ်တွေမှာ ၂ ဂိုး၊ ဘေးလ်က ၃၅ မိနစ်မှာ ၁ ဂိုး၊ ရော်နယ်ဒိုက ၃၈ မိနစ်မှာ ၁ ဂိုး သွင်းယူခဲ့ကြတာပါ။ ဂီတာဖေးအတွင် ချေပဂိုးကိုတော့ ဒုတိယပိုင်း မိနစ် ၇၀ မှာ အဲလက်ရစ်က သွင်းယူခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်ဟာ ဒီပွဲအနိုင်ကြောင့် ၁၄ ပွဲကစား ရမှတ် ၃၀ နဲ့ အမှတ်ပေးဇယား အဆင့် ၃ မှာ ရပ်တည်နေပြီး ဂီတာဖေးအသင်းကတော့ ၁၄ ပွဲကစား ရမှတ် ၁၄ မှတ်နဲ့ အဆင့် ၁၃ မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up