A d v e r t i s e m e n t With Us

ထိုင်းယာဉ်ထိန်းရဲ ကိုယ်ဝန်ဆောင်အမျိုးသမီးကို တက္ကစီပေါ် ကလေးမွေးပေး (ရုပ်သံ)

ဘန်ကောက်မြို့မှာ ဒီဇင်ဘာ ၃ ရက်နေ့က ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးကို ထိုင်း ယာဉ်ထိန်းရဲတဦးက တက္ကစီ ကားပေါ်မှာ  ကလေးမွေးပေးခဲ့ပါတယ်။ မွေးမိခင်ဟာ အဲဒီနေ့က ကျူလာလောင်ကွန် ဆေးရုံးမှာ ကလေးမွေးဖို့ တက္ကစီကားနဲ့ သွားနေချိန် ဗိုက်နာလာတာကြောင့် နီးစပ်ရာ ရဲစခန်းကို အကူအညီတောင်းခံမှုနဲ့ ယာဉ်ထိန်းရဲက မွေးပေးခဲ့တာ ဖြစ်ပါတယ်။ ထိုင်းသတင်းတွေအရ သားလေးမွေးခဲ့တာဖြစ်ပြီး မိခင်နဲ့ ကလေးပါ ကျန်မာရေး ကောင်းမွန်ကြောင်း၊ အခု ကျူလာလောင်ကွန် ဆေးရုံမှာပဲ ဆေးကုသမှု ခံယူနေပါတယ်။ အသက် ၂၁ နှစ် အရွယ် မွေးမိခင်ဟာ ပထမဦးဆုံး သားကို မွေးတာ ဖြစ်သလို့ ကလေးရဲ့ နာမည်ကိုလည်း မပေးရသေးပါဘူးလို့ ထိုင်းရတ် သတင်းကို ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up