အမျိုးသားတွေကို ရော်နယ်ဒို ပစ်မှတ်ထားလာသလား

အချောအလှ မော်ဒန်တွေကို ထည်လဲတွဲခဲ့တဲ့ နာမည်ကျော် ဘောလုံးသမား ရော်နယ်ဒိုတယောက် ဒီတခါ အမျိုးသားတွေကို ပစ်မှတ်ထားလာသလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ကိုယ်ခံပညာနဲ့ ကစ်ဘောက်ဆာ အသိုင်းအ၀န်းပြင်ပမှာ လူသိနည်းတဲ့ ဘတ်ဟာရီနဲ့ ရော်နယ်ဒိုတို့ ပျော်မြူးနေတဲ့ ဓာတ်ပုံတွေကို သတင်းမီဒီယာတွေက ဖော်ပြပြီး အခုလို မေးခွန်းထုတ်လာတာ ဖြစ်ပါတယ်။ ရော်နယ်ဒိုက မက်ဒရစ်ကနေ မော်ရိုကိုကို ပေါင် ၁၈ သန်းတန် ကိုယ်ပိုင်လေယာဉ်နဲ့ အပြန်အလှန်သွားရောက်ပြီး နယ်သာလန်ဖွား မော်ရိုကို အနွယ် ဟာရီနဲ့ ပျော်မြူးနေတဲ့ ပုံတွေကို သည်မေးရားသတင်းက ဖော်ပြခဲ့ပါတယ်။ ၂ ဦးစလုံးကတော့ အားကစားလောကမှာ နာမည်ကြီးတွေ ဖြစ်သလို ရော်နယ်ဒိုကတော့ ဒီတခေါက်မှာ အမျိုးသားတွေဘက် ခြေဦးလှည့်လာသလားလို့ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ အရပ် ၆ ပေ ၆ လက်မရှိတဲ့ ဟဲဗီးဝိတ် ကစ်ဘောက်ဆာ ချန်ပီယံဟာရီက ရော်နယ်ဒို မော်ရိုကိုကို လာရာမှာ အစောင့်သဖွယ်ဘေးကနေ စောင့်ရှောက်ပေးနေသလို ရော်နယ်ဒိုကို တဦးတယောက်က အနှောင့်အယှက်ပေးရင် ရိုက်မယ်လို့ သတိပေးထားတဲ့ ရုပ်သံဖိုင်ကလည်း အင်တာနက် စာမျက်နှာပေါ်ရောက်လာပါတယ်။ ဆယ်ကျော်သက်အရွယ်က နယ်သာလန် ကိုယ်စားပြု ထိုးသတ်ခဲ့တဲ့ ဟာရီက အခုတော့ မော်ရိုကို ကိုယ်စားပြု ကမ္ဘာဟဲဗီးဝိတ် ကစ်ဘောက်ဆာချန်ပီယံလည်း ဖြစ်ပါတယ်။ Cristiano-Ronaldo-and-Badr-Hariအားကစားသမား မပီသတဲ့ အပြုအမှုကြောင့် ၂ ကြိမ်လောက် လက်ဝှေ့ထိုးခွင့် တားမြစ်ခံထားရပါတယ်။ ဒါ့အပြင် အကြမ်းဖက်မှုတွေကြောင့် မကြာခဏဆိုသလို အဖမ်းဆီးခံခဲ့ရဖူးပါတယ်။ ၂၀၁၂ ခုနှစ်မှာ ဒတ်ခ်ျသန်း    ကြွယ်သူဌေးကို တိုက်ခိုက်ခဲ့တဲ့ အတွက် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရသလို လက်ဝှေ့လောကကနေ ၁၀ လလောက် အပယ်ခံရဖူးပါတယ်။ ဟာရီရဲ့ အချစ်ရေးကလည်း အနည်းငယ်ရှုပ်ထွေးနေပါတယ်။ မော်ဒန် ဒန်ဖန်နီရီုမန်နီနဲ့ ၃ နှစ်အရွယ် သမီးတဦးရှိခဲ့သလို ၂၀၁၂ ခုနှစ်မှာ မိန်းမဟောင်းနဲ့ ချိတ်ဆက်ခဲ့တဲ့အတွက် သူတို့ ၂ ဦး ကွဲသွားပါတယ်။ အမေရိကန် မော်ဒန် အမ်ဘာ ရိုစ့်နဲ့ ချိတ်ဆက်ခဲ့ပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up