မယ်ဆိုင်မြို့တွင် အိုက်စ်မူးယစ်ဆေး ကီလို ၂၀ ခန့် ဖမ်းမိ

940
ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့နယ်မှာ အိုက်စ်မူးယစ်ဆေး ကီလို ၂၀ လောက်ကို ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းမိခဲ့ပါတယ်။
မူးယစ်ဆေးဝါး ရောင်းဝယ်လုပ်ကိုင်နေသူလို့ ယူဆရတဲ့ ကားနှစ်စီးကို မယ်ဆိုင်မြို့နယ် Tesco Lotus အရှေ့မှာ ဒီကနေ့ မနက်အစောပိုင်းမှာ ထိုင်းအာဏာကိုင်တွေက သတင်းအရ ၀င်ရောက်ဖမ်းဆီးခဲ့တာလို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
အဲဒီ ကားသမားတွေဟာ ပစ္စည်းတွေ တင်ဖို့ လုပ်နေတဲ့အချိန်မှာ အာဏာပိုင်တွေက စစ်ဆေးဖို့ သွားတားလိုက်ရာမှာ ပစ္စည်းတွေကို ထားခဲ့ပြီး ကားမောင်း ထွက်ပြေးသွားကြောင်း ထိုင်းတာဝန်ရှိသူတွေက ဆိုပါတယ်။
ထွက်ပြေးသွားတဲ့ ကားသမားတွေဟာ မြန်မာလိုင်စင် နံပါတ်ပြားပါတဲ့ ကားတစီးနဲ့ နံပါတ်ပြား မပါတဲ့ ကားတွေကို အသုံးပြုသွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်နိုင်ငံသားလည်း ဆိုတာကိုတော့ သတင်းမှာ ရေးသားထားခြင်း မရှိပါဘူး။
ထိုင်းအာဏာပိုင်တွေကတော့ ကားသမား ၂ ဦးစလုံ ထွက်ပြေး လွတ်မြောက်သွားတဲ့အတွက် လိုက်လံ ဖမ်းဆီးမှုတွေ ပြုလုပ်နေပါတယ်။