A d v e r t i s e m e n t With Us

သက်ကြီးရွယ်အိုများ ထိုင်ရန် နေရာဖယ်ပေးသည့် မျောက်(ရုပ်သံ)

ဘတ်စ်ကားပေါ်မှာ စီးနင်းလိုက်ပါလာတဲ့ မျောက်က သက်ကြီးရွယ်အိုတွေကို ထိုင်ဖို့ နေရာဖယ်ပေးခဲ့ပါတယ်။ ဘတ်စ်ကားပေါ်က ခုံပေါ်မှာ မျောက်ကလေးက စီးနင်းလိုက်ပါလာပါတယ်။ ကားက ခရီးစဉ်ကို ဦးတည်ရွေ့လျားလာရာမှာ တဖြည်းဖြည်းနဲ့ ခရီးသည်တွေ ပြည့်လာပါတယ်။ ဒီအချိန်မှာ ကားပေါ်ကို အသက်အရွယ်ကြီးရင့်သူ အဘိုးကြီးနဲ့ အဘွားကြီး ၂ ဦး တက်လာရာမှ မျောက်ရဲ့ အနောက်မှာ ထိုင်နေတဲ့သူက အဘိုးကြီးအတွက် နေရာဖယ်ပေးခဲ့ပါတယ်။ ဒါကိုမြင်တွေ့သွားတဲ့မျောက်က သူထိုင်နေတဲ့ခုံပေါ်ကနေ ဆင်းပြီး အဘွားကြီးကို နေရာဖယ်ပေးခဲ့ပါတယ်။ ဒီရုပ်သံဖိုင်ဟာ ပြီးခဲ့တဲ့ သြဂုတ်လက လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့တာဖြစ်ပြီး အခုချိန်ထိ လူကြည့်များနေဆဲဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up