A d v e r t i s e m e n t With Us

လှေစီး ဘင်္ဂါလီလူမျိုး ၅ ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းမိ

ထိုင်းနိုင်ငံ တောင်ပိုင်း စူခလာခရိုင်၊ ဟတ်ယိုင်မြို့နယ်မှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်ကနေ လှေစီးပြီး ရောက်ရှိလာတဲ့ ဘဂါင်္လီ လူမျိုး ၅ ဦးကို ထိုင်းအာဏာပိုင်တွေက ဒီဇင်ဘာလ ၂ ရက်နေ့က ဖမ်းဆီးထားပါတယ်။ ဖမ်းဆီးခံရတဲ့ ဘဂါင်္လီလူမျိုး ၅ ဦးဟာ အသက် ၁၈ နဲ့ ၂၁ အရွယ် ရှိကြပြီး တတိယ နိုင်ငံကို မထွက်ခွာမီ ဟတ်ယိုင်မြို့နယ်ထဲက တောတွင်း တနေရာမှာ ပုန်းခိုနေစဉ် အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်း ထိုင်းမန်နေဂျာ သတင်းမှာ ဖော်ပြထားပါတယ်။ ဖမ်းဆီးခံထားရသူတွေရဲ့ ပြောဆိုချက်အရ ရခိုင်ပြည်နယ်ကနေ နိုဝင်ဘာလ ၉ ရက်နေ့က စတင်ပြီးတော့ လူအယောက် ၃၀ လောက် လှေစီးပြီးတော့ ရနောင်းကို ရောက်လာကြတယ်၊ ပြီးတော့ လူစုကွဲသွားကြတယ်၊ ကျနော်တို့ ၅ ယောက်ကိုတော့ တတိယနိုင်ငံကို သွားဖို့ ပွဲစားက ကားနဲ့ ဒီမှာ လာပို့ထားတာ ဖြစ်ကြောင်း ထိုင်းသတင်းမှာ ရေးသားထားပါတယ်။ 558000013780402ထိုင်းသတင်းမှာ ရေးသားထားချက်အရ ရခိုင်ပြည်နယ်ကနေ တတိယနိုင်ငံအရောက် တဦးကို ပွဲစားခ ဘတ်ငွေ ၂၃၃၀၀ (မြန်မာကျပ်ငွေ ၈၃၈၀၀၀) လောက် ပေးရပြီး လတ်တလော ဖမ်းဆီးခံထားရတဲ့ ဘဂါင်္လီလူမျိုး ၅ ဦးကို ဟတ်ယိုင်မြို့နယ် ရဲစခန်းမှာ စစ်ဆေး မေးမြန်းဖို့ အတွက်  ထိန်းသိမ်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up