A d v e r t i s e m e n t With Us

စီးပွားရေးသမား ဖြစ်သွားသည့် ဆီးရီးယား ဒုက္ခသည် (ရုပ်သံ)

သမီးကို ချီပြီး ဘောပင်လိုက်ရောင်းနေတဲ့ ဆီးရီးယား ဒုက္ခသည် တဦးရဲ့ဓာတ်ပုံ လူမှုရေးကွန်ရက်မှာ ပျံ့နှံ့သွားပြီးတဲ့နောက် ၃ လအကြာ ဒီဒုက္ခသည်ဟာ အခုဆိုရင် စီးပွားရေး လုပ်ငန်းရှင် တဦး ဖြစ်သွားပါတယ်။ အသက် ၄ နှစ်အရွယ် သမီးကို ကျွေးမွေးဖို့ အတွက် ဘောပင်လိုက်ရောင်းတဲ့ ပါလက်စတိုင်း ဆီးရီးယား ဒုက္ခသည် အက်ဒူလာဟာလင်အာတာအတွက် စေတနာရှင်တွေက လူမှုရေးကွန်ရက်တွေကနေ တဆင့် ရန်ပုံငွေ ရှာဖွေခဲ့ရာမှာ ၂၄ နာရီအတွင်း ဒေါ်လာ ၁ သိန်းကျော်ရရှိခဲ့ပါတယ်။ စုစုပေါင်း ရန်ပုံငွေ ၂ သိန်းခွဲ နီးပါးရရှိခဲ့ပြီး ဒီရန်ပုံငွေတွေကို အက်ဒူလာဟာလင်ကို ပေးအပ်ခဲ့ရာမှာ သူက စားသောက်ဆိုင်တဆိုင်ဖွင့်ခဲ့ပါတယ်။ ဒီဆိုင်မှာ ဆီးရီးယား ဒုက္ခသည် ၁၆ ဦးဟာလည်း အလုပ်လုပ်ကိုင်နေပါတယ်။ သူရဲ့ သမီးဟာလည်း ကျန်းမာပျော်ရွှင်စွာရှိနေသလို အသက် ၉ နှစ် အရွယ် သားကလည်း ကျောင်းပြန်တက်နေပြီ ဖြစ်ပါတယ်။ ဆီးရီးယား ပြည်တွင်းစစ်မဖြစ်ပွားခင်က ချောကလက် စက်ရုံအလုပ်သမား အက်ဒူလာဟာ ဒါမားစကတ်က ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့တာ ဖြစ်ပြီး လက်ဘနွန်ကို ပြောင်းလာတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up