ချဲထီရောင်းမှုဖြင့် မြန်မာ ၇ ဦးကို ထိုင်းရဲဖမ်းဆီး
DVB
·
December 5, 2015
ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးဖက်ခရိုင်မှာ တရားမ၀င် ချဲထီရောင်းချမှုနဲ့ မြန်မာနိုင်ငံသား ၇ ဦးကို ထိုင်းအားဏာပိုင်တွေက ဒီဇင်ဘာလ ၃ ရက်နေ့မှာ ဖမ်းဆီိးလိုက်ပါတယ်။
ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံသား ၇ ဦးကို တရားမ၀င် ချဲထီ ရောင်းချမှု၊ တရားမ၀င် ကုန်းပစ္စည်းတွေ လိုက်လံရောင်းချမှုနဲ့ အခုလို ဖမ်းဆီးလိုက်တာ ဖြစ်ကြောင်း ထိုင်းမန်နေဂျာ အွန်လိုင်း သတင်းမှာ ဖော်ပြထားပါတယ်။
သက်သေခံ ပစ္စည်းတွေအဖြစ် တရားမ၀င် ချဲထီရောင်းတဲ့ စာအုပ် ၃ အုပ်နဲ့ ကုန်းပစ္စည်းတွေကို တင်ရောင်းနေတဲ့ ၃ ဘီး ဆိုင်ကယ် ၄ စီးကိုလည်း သိမ်းဆည်းထားကြောင်း သတင်းက ဆိုပါတယ်။
ဖူးခက်ခရိုင် အုပ်ချုပ်ရေးမှူး စထားဖော ၀ချရတ်က မြန်မာနိုင်ငံသားတွေက ဖူးခက်ဒေသခံတွေရဲ့ ကုန်သည်လုပ်ငန်းတွေမှာ နေရာဝင်ယူ လုပ်ကိုင်နေတာကို မကျေနပ်တဲ့ အတွက် ထိုင်းအာဏာပိုင်တွေဆီ လာရောက် တိုင်ကြားလို့ အခုလို ဖမ်းဆီးတာ ဖြစ်ကြောင်း မန်နေဂျာ သတင်းကို ပြောပါတယ်။
မြန်မာနိုင်ငံသားတွေကလည်း ဈေးရောင်းတဲ့ အလုပ်ဟာ ၀င်ငွေ ကောင်းတာရယ်၊ ပြီးတော့ တရားမ၀င် ချဲထီရောင်းတာကတော့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ထိုင်းနိုင်ငံသားတွေဆီမှာ လိုက်လံရှာဝယ်ရတာ ခက်ခဲတဲ့အတွက် အခုလို ရောင်းဖြစ်သွားတာ လို့ ထိုင်းအာဏာပိုင်တွေကို ၀န်ခံထားကြောင်း ဆိုပါတယ်။
မြန်မာနိုင်ငံသား ၇ ဦးကို တရားမ၀င် ချဲထီရောင်းချမှုအပြင် ထိုင်းနိုင်ငံမှာ တရားမ၀င် လာရောက်ပြီး ကုန်ပစ္စည်း ရောင်းဝယ်မှုတွေနဲ့ ထိုင်းဥပဒေအရ အရေးယူသွားဖို့ ရှိတယ်လို့ သိရပါတယ်။
မန်နေဂျာ အွန်းလိုင် သတင်းအရ ဖမ်းဆီခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို ဆီးစစ်ဆေးချက်အရ မူးယစ်းဆေးဝါ သုံးစွဲထားတာ တွေ့ရှိရကြောင်း ရေးသားထားပါတယ်။