၂၀၁၀ ကမ္ဘာ့ဖလားအတွက် ဖီဖာအရာရှိကို ပေါင် ၆ သန်းကျော် လာဘ်ပေး

598
တောင်အာဖရိကနိုင်ငံမှာ ၂၀၁၀ ကမ္ဘာဖလား ပြိုင်ပွဲ ကျင်းပခွင့်ရဖို့ အတွက် ကမ္ဘာဘောလုံးအဖွဲ့ချုပ် (ဖီဖာ) အဆင့်မြင့် အရာရှိ တဦးကို လဘ်ငွေ ပေါင် ၆.၆ သန်းပေးခဲ့တယ်လို့ အမေရိကန် ထောက်လှမ်းရေး ဖက်ဒရယ် ဗြူရိုက ပြောပါတယ်။
ဘယ်သူက ပေးခဲ့သလို ဆိုတာကိုတော့ နာမည် ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ သူက အခု စွဲဆိုခံထားရတဲ့ ဖီဖာ ဒုဥက္ကဋ္ဌ ဂျက်ဝါနာကို ၃ ကြိမ် ပေးခဲ့တာလို့ ဆိုပါတယ်။
ဝါနာနဲ့ သူရဲ့ လက်ထောက် ချပ်ဘလေဇာတို့က ကမ္ဘာ့ဖလား ကျင်းပခွင့်အတွက် ထည့်ပေးမယ့် မဲကို ၀ယ်ယူခဲ့တာလို့ ဆိုပါတယ်။
ချပ်ဘလေဇာကလည်း အပြစ်ရှိကြောင်း ၀န်ခံထားသလို စက်တင်ဘာလမှာ ဖီဖာစည်းကမ်းထိန်းသိမ်းရေး ကော်မတီက မတော်တရော်တွေ လုပ်ဆောင်တဲ့အတွက် ၀ါနာကို ဘောလုံးလောကကနေ တသက်စာ တားမြစ်ပိတ်ပင်ထားပါတယ်။
အမေရိကန်ပြည်ထောင်စု တာဝန်ရှိသူတွေက ဖီဖာ အရာရှိ ၁၆ ဦးကို အကျင့်ပျက် ခြစားမှုနဲ့ ထပ်မံ စွဲချက်တင်ခဲ့ပြီးတဲ့နောက် အခုလို သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။