A d v e r t i s e m e n t With Us

သက်တမ်းရှည် ထိုင်းဘုရင်ကြီး၏ ရုပ်သံမှတ်တမ်း

ထိုင်းဘုရင်ကြီး ဘူမိဘော မွေးနေ့ အထိမ်းအမှတ်အခမ်းအနားတွေကို ထိုင်းနိုင်ငံ တ၀ှမ်းမှာ ဒီဇင်ဘာလ ၅ ရက်နေ့ကနေ ၁၁ ရက်နေ့ အထိ ပြုလုပ်ဖို့ ရှိပါတယ်။ ဒီနေ့မှာ သက်တော် ၈၈ နှစ် ပြည့်တဲ့ ဘုရင်ကြီးဟာ ၁၉၄၆ မှာ နန်းတက်ခဲ့လို့ ထိုင်းသမိုင်းမှာ သက်တမ်းအရှည်ကြာဆုံး နိုင်ငံဥသျောင် အဖြစ်လည်း မှတ်တမ်း ၀င်ပါတယ်။ ကျန်ခဲ့တဲ့ ၆ နှစ်အတွင်းမှာတော့ ကျန်းမာရေး မကောင်းတာကြောင့် ဆေးရုံမှာ အချိန် ကုန်ခဲ့တာများပြီး နိုင်ငံရေး ကသောင်းကနင်း နှစ်တွေကိုလည်း ဖြတ်သန်းခဲ့ရပါတယ်။ ဒီနှစ်ဆန်းပိုင်းက ဘန်ကောက်က ဆေးရုံပေါ် တင်ခဲ့ရပြီး ဦးနှောက်မှာ ရေ၀င်နေတဲ့ ပြဿ    နာ၊ သွေးနဲ့ အဆုပ် ဆိုင်ရာ ကျန်းမာရေး ပြဿ   နာတွေကို ကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up