ဒဏ်ရာရသူများပေမယ့် ကစားပုံ ထိခိုက်မည်မဟုတ်ဟု မန်စီးတီးနည်းပြပြော

625
မန်ချက်စတာစီးတီး မန်နေဂျာ ပယ်လီဂရီနီက အသင်းသားတွေ ဒဏ်ရာရရှိထားပေမ့ယ် အသင်းရဲ့  ကစားပုံကို ထိခိုက်မှာမဟုတ်ဘူးလို့ ပြောပါတယ်။
စတုတ်စီးတီးနဲ့ပွဲမှာ ဂိုးသမား ဂျိုဟတ် ပြန်ကစားနိုင်ပေမယ့် ကစားသမား အတော်များများကတော့ မကစားနိုင်သေးပါဘူး။
ဂိုးသမား ဟတ်ဟာ နိုဝင်ဘာ ၂၅ ရက်နေ့က ဂျူဗင်တပ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် နားနေရပါတယ်။
ဒီဇင်ဘာ ၅ ရက်နေ့ပွဲမှာ ခြေထောက်ဒဏ်ရာရရှိထားတဲ့ မန်စီးတီး ထိပ်တန်း ကစားသမား ဆာဂီယို အဂွီရို ကစားနိုင်ချင်မှ ကစားနိုင်ပါလိမ့်မယ်။
ဒီဇင်ဘာ ၇ ရက်နေ့ ချန်ပီယံလိဂ် ပွဲကျရင်တော့ အားကိုးရတဲ့ တိုက်စစ်မှူးကို ပွဲထုတ်နိုင်ဖို့ နည်းပြ ပယ်လီဂရီနီက မျော်လင့်နေပါတယ်။
ဒဏ်ရာရ စာရင်းမှာ အလယ်တန်း ကစားသမား ယာယာတိုရေးနဲ့ ဇာဘလက်တာ၊ ကုန်ပနီ၊ နာစရီ၊ ရောဘတ်တို့လည်း ရှိနေပြီးေ နာက်ခံလူ မန်ဂဲလာလည်း ပွဲပယ်ခံထားရပါတယ်။