စစ်ဘေးသင့်ကလေးများအတွက် ယုံကြည်သောအနာဂတ်ပွဲ ကျင်းပ (ဓာတ်ပုံ)
DVB
·
December 4, 2015
စစ်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးသင့်ကလေးတွေကို အားပေးကူညီတဲ့အနေနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဆောင်ပြီး ဒီဇင်ဘာ ၄ ရက်နေ့ ညနေပိုင်းက ရန်ကုန် ကန်တော်ကြီးမှာရှိတဲ့ မီနီဇူးမှာ ကလေးငယ်တွေရဲ့ "ယုံကြည်သော အနာဂတ်" ပွဲကို ကျင်းပပြုလုပ်နေပါတယ်။
စစ်ဘေးသင့် ကလေးငယ်တွေကို အားပေးကူညီတဲ့အနေနဲ့ လုံခြုံ၊ ငြိမ်းချမ်းတဲ့ နေရာမှာရှိတဲ့ ကလေးတွေက ပန်းချီဆွဲတာ၊ ကဗျာတွေရေးတာတွေ ပြုလုပ်ပြီး စစ်ဘေးသင့်ဒေသက ကလေးငယ်တွေဆီ ပေးပို့ကြမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - ကောင်းထက်ကျော်၊ ခိုင်ပန်းနု