A d v e r t i s e m e n t With Us

ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင် မီးလောင် (ရုပ်သံ)

ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ ရပ်ကွက် ၂ ထဲမှာ ဒီဇင်ဘာလ ၄ ရက် ညနေ ၃ နာရီလောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်တဲ့အိမ်ဟာ အမှတ် ၂ ရက်ကွက် ရပ်ကွက်အုပ်ချုပ်ရေး အတွင်းရေးမှူး ဦးတင်ဝင်း ဆိုသူရဲ့ အိမ်ဖြစ်ပြီး ကားဝပ်ရှော့ဆိုင်ဖွင့်ထားတယ်လို့ ဒေသခံ နန်းမိုခမ်းက ပြောပါတယ်။ မီးလောင်နေတဲ့အချိန် မိုးလည်းရွာနေပြီး မြို့ထဲမှာ ထော်လဂျီရေတင်ကားတွေလည်း များတဲ့အတွက် ၀ိုင်းဝန်းငြိမ်းသတ်တာကြောင့် အခြားအိမ်တွေ မကူးစက်တော့ဘဲ အိမ်တလုံးသာ လောင်ခဲ့တယ်လို့ ဆိုပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ဆုံးရှုံးမှုပမာကိုတော့ မသိရသေးပါဘူး။ ရုပ်သံ - SaiHtet AungHlaing

A d v e r t i s e m e n t With Us

More News
Up