A d v e r t i s e m e n t With Us

အီဂျစ်နိုင်ငံ ကိုင်ရိုတွင် ဗုံးပေါက်ကွဲ၊ ၁၂ ဦးသေ

ဓာတ်ပုံ - ဘီဘီစီ
အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုမှာ ဒီဇင်ဘာ ၄ ရက်နေ့က ဗုံးပေါက်ကွဲခဲ့တဲ့အတွက် လူ ၁၂ ဦး သေဆုံးခဲ့ပါတယ်။ မျက်နှာဖုံးတပ်ထားတဲ့ လူ ၃ ဦး မြို့လယ်ခေါင်က စားသောက်ဆိုင်ထဲကို ဗုံးပစ်ထည့်လိုက်တဲ့အတွက် လူ ၁၂ ဦး သေဆုံးတယ်လို့ ဒေသခံသတင်းတွေက ဆိုပါတယ်။ ဗုံးပစ်ထည့်လိုက်ပြီး အဲဒီလူ ၃ ဦး ထွက်ပြေးသွားသလို သူတို့ရဲ့ပစ်မှတ်က ညကလပ်လည်းပါတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကို အရင်နှစ်ပိုင်းက လက်နက်ကိုင် တိုက်ပွဲဆင်နွှဲနေတဲ့ စစ်သွေးကြွတွေ လုပ်သလား ဆိုတာကတော့ မရှင်းလင်းဘူးလို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up