ခရစ္စမတ် လက်ဆောင်ရ၍ ပျော်ရွှင်နေသည့် တိရစ္ဆာန်များ (ရုပ်သံ)

2.7K
သြစတြေးလျ ဆစ်ဒနီ တန်ရောင်ဂါ တိရစ္ဆာန်ရုံက တိရစ္ဆာန်တွေကတော့ ဆန်တာကလော့ဆီက လက်ဆောင်တွေ ရခဲ့ပါတယ်။
စေတနာရှင်နဲ့ တိရစ္ဆာန်ရုံဝန်ထမ်းတွေ ပြင်ဆင်ပေးထားတဲ့ လက်ဆောင်တွေကို ချင်ပန်ဇီမျောက်ဝံနဲ့ သူ့ရဲ့ ကလေးတွေဖြစ်တဲ့ ဖူမိုနဲ့ ဆူဒီတို့လည်း လက်ဆောင်ရခဲ့ပါတယ်။
၁၅ လသား ဖူမိုကတော့ ခရစ္စမတ်လက်ဆောင် စာရွက်၊ သေတ္တာတွေနဲ့ တနေ့လုံး ဆော့ကစားနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိရစ္ဆာန်ရုံထဲက အသက်အကြီးဆုံး လိပ်ကလည်း ခရစ္စမတ်သစ်ပင်ပုံတွေ ထွင်းထားတဲ့ ဖရဲသီးကို လက်ဆောင်ရတယ်လို့ ဆိုပါတယ်။