A d v e r t i s e m e n t With Us

မူဆယ်ခရိုင် မုံးကိုးမြို့ ဈေးဟောင်း မီးလောင်မှုဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့ရှိ ဈေးဟောင်းမှာ မီးလောင်မှုဖြစ်ပွားပြီး ဆိုင်ခန်းတချို့မီးလောင်ပျက်စီး ဆုံးရှုံးသွားပါတယ်။ ဒီဇင်ဘာ ၁ ရက် မနက်စောစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တာလို့ မုံးကိုးဒေသခံ စိုင်းအိုက်က ပြောပါတယ်။ “ဒေါ်နန်းသိန်းတို့ဆိုင်ကနေ စလောင်တယ်လို့ ပြောပါတယ်။ သူတို့ဆိုင်နောက်က နောက်ထပ်အဖီဆွဲထားတဲ့ ဆိုင်ခန်းကို လောင်တာ၊ မနက်စောစော ၁ နာရီလောက်မှာတခါ လောင်တယ်။ ဆိုင်ရှင်ရဲ့အစ်မက အရင်တွေ့ပြီး ရေနဲ့ဝိုင်းပက်တာ မီးငြိမ်းပြီးပြီ။ ဒါပေမယ့် မနက် ၃ နာရီလောက်မှာ တခါထပ်လောင်တယ်။” မီးလောင်သွားတဲ့ ဆိုင်ခန်းတွေထဲမှာ စားသောက်ကုန်ပစ္စည်း ရောင်းချတဲ့ဆိုင်နဲ့ ဓာတ်ပုံဆိုင်တဆိုင်လည်း ပါသွားတယ်လို့ ဒေသခံက ပြောပါတယ်။ မုံးကိုးမှာ ဈေးဟောင်းနဲ့ ဈေးသစ်ရှိရာ ဈေးသစ်က ပိုမိုစည်ကားပြီး ဈေးဟောင်းမှာတော့ ဆိုင်ခန်းအလွတ်တွေ များတယ်လို့ သိရပါတယ်။ ရှို့မီးကြောင့် မီးလောင်မှုဖြစ်တာလို့ ဒေသခံတွေက ယူဆပြောနေကြပေမယ့် မူဆယ်မြို့နယ် ရဲစခန်းကတော့ ဈေးမီးလောင်မှု ဖြစ်ပွားကြောင်းသာ အတည်ပြုပြောဆိုပြီး   မီးလောင်ရခြင်း အကြောင်းရင်းနဲ့ ပတ်သက်လို့တော့ ပြောကြားခြင်းမရှိပါဘူး။ ဓာတ်ပုံ - NineNine Diamond Facebook  

A d v e r t i s e m e n t With Us

More News
Up