A d v e r t i s e m e n t With Us

ထိုင်းကို အိုင်အက်စ် ၁၀ ဦး ၀င်ရောက်၊ လုံခြုံရေး တိုးမြှင့်ချ

ထိုင်းနိုင်ငံက ခရီးသွားတွေ သွားရောက်လည်ပတ်တဲ့မြို့တွေမှာ ရုရှားတွေကို တိုက်ခိုက်ဖို့ အစ္စလာမ္မစ် နိုင်ငံတော် (အိုင်အက်စ်) အဖွဲ့ဝင် ၁၀ ဦး နိုင်ငံတွင်းဝင်ရောက်လာတဲ့ သတင်းအပေါ် လူထုအနေနဲ့ တည်တည်ငြိမ်ငြိမ်ရှိဖို့ ထိုင်းလုံခြုံရေးကောင်စီက တိုက်တွန်းလိုက်ပါတယ်။ ရုရှားတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ နိုဝင်ဘာ နောက်ဆုံး ၂ ပတ်မှာ ထိုင်းက ပတ္တရားကို ၄ ဦး၊ ဖူးခက်နဲ့ ဘန်ကောက်မြို့ကို ၂ ဦးစီနဲ့ တခြားမသိရတဲ့ မြို့ကို ၂ ဦးစီ လာရောက်ဖို့ ရှိတယ်လို့ ဒီဇင်ဘာ ၃ ရက်က ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းသတင်း ပေါက်ကြားသွားပြီး အခုလို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ ထုတ်ပြန်ပြောဆိုခဲ့ခြင်းမရှိသလို ထိုင်းလုံခြုံရေးအဖွဲ့တွေက ခြိမ်းခြောက်မှုကို ဖြေရှင်းနိုင်မယ်လို့ လုံခြုံရေးကောင်စီ အကြီးအကဲက ပြောပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းက လူထုတွေကို စိုးရိမ်ထိတ်လန့်စေသလို လုံခြုံရေးကိုလည်း လျှို့ဝှက် တိုးမြှင့်ချထားတယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၄ ရက်မှာလည်း ဒီဖြစ်ရပ်အတွက် လုံခြုံရေးအဖွဲ့တွေက အစည်းအဝေး ကျင်းပ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ နယူးဇီလန် ခရီးသွားလုံခြုံရေး အင်တာနက်စာမျက်နှာကလည်း ခရီးသွားတွေကို ထိုင်းနိုင်ငံမှာ သတိထားသွားလာကြဖို့ သတိပေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up