A d v e r t i s e m e n t With Us

အာဆင်နယ် ကွင်းလယ်လူ ကာဇိုလာ ၃ လခန့် နားရမည်

ဓာတ်ပုံ - rt.ie
အာဆင်နယ် ကွင်းလယ်ကစားသမား ကာဇိုလာဟာ ဒဏ်ရာကြောင့် ၃ လလောက် ဘောလုံးကစားနိုင်မှာ မဟုတ်တော့ဘူးလို့ ဗြိတိသျှမီဒီယာဖြစ်တဲ့ မေရာသတင်းမှာ ရေးသားထားပါတယ်။ စပိန် ကွင်းလယ်လူ ကာဇိုလာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က နောဝစ်ခ်ျအသင်းနဲ့ ၁ ဂိုးစီ သရေကျတဲ့ပွဲမှာ ဒူးဒဏ်ရာရခဲ့တာပါ။ အသက် ၃၀ အရွယ် ကွင်းလယ်ကစားသမားဟာ ဒူးအရွတ် စုတ်ပြဲတဲ့ ဒဏ်ရာကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာရ ကစားသမားတဦး ထပ်တိုးလာလို့ အာဆင်နယ်အတွက်တော့ သတင်းဆိုးတခု ဖြစ်ခဲ့ပါတယ်။ ဒဏ်ရာကြောင့် ကာဇိုလာဟာ လာမယ့်နှစ် အစပိုင်းအထိ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။ နော်ဝေစ်ခ်ျအသင်းနဲ့ ကစားတဲ့ပွဲမှာ ကာဇိုလာအပြင် တိုက်စစ်မှူး ဆန်းချက်ဇ်လည်း ဒဏ်ရာရခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် ဆန်းချက်ဇ်လည်း ဒဏ်ရာကြောင့် တပတ်လောက်တော့ အနားယူရဖွယ် ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up