A d v e r t i s e m e n t With Us

အိပ်ခ်ျအိုင်ဗွီရှိကြောင်း ၀န်ခံသည့် မင်းသားချာလီရှိန်းကို ရည်းစားဟောင်း တရားစွဲ

ဟောလီးဝုဒ် ရုပ်ရှင်သရုပ်ဆောင် ချာလီရှိန်းကို သူ့ရည်းစားဟောင်း စကော့တင်း ရော့စ်က စိတ်သောကရောက်စေတဲ့ အမှုနဲ့ တရားစွဲထားပါတယ်။ မင်းသား ချာလီရှိန်းဟာ အိပ်ခ်ျအိုင်ဗွီပိုး ရှိသူအဖြစ် မကြာခင်က တရားဝင် ၀န်ခံထားပါတယ်။ ချာလီရှိန်းရဲ့  ရည်းစားဟောင်းက ဒီလို မသိရခင်မှာ သူတို့ နှစ်ယောက် အနည်းဆုံး ၅ ကြိမ်ထက်မနည်း လိင်ဆက်ဆံခဲ့ကြတဲ့အတွက် အခုတော့ စိတ်သောက ရောက်နေရတယ်လို့ ဆိုပြီး တရားစွဲလိုက်တာပါ။ အမှုကို ကယ်လီဖိုးနီးယား တရားရုံးချုပ်ကို တင်လိုက်ပြီး ဒါဟာ သရုပ်ဆောင် ရှိန်းအတွက် အိပ်ခ်ျအိုင်ဗွီပိုးရှိကြောင်း ၀န်ခံလိုက်ပြီး ပထမဆုံး ရင်ဆိုင်ရတဲ့ အမှု ဖြစ်လာပါတယ်။ သရုပ်ဆောင် ရှိန်းရဲ့ ရှေ့နေက အမှုကို ခုခံ ချေပသွားမယ်ဆိုပါတယ်။ တရားလို ရော့စ်ဘက်ကတော့ သူနဲ့ ချာလီရှိန်းတို့ ၂၀၁၃ ခုနှစ်မှာ ပထမဆုံး တွေ့ကြပြီးနောက် လိင်ဆက်ဆံဖို့အတွက် ဒေါ်လာ ၁ သောင်း ပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာ ချစ်သူ ဘ၀ ရောက်ခဲ့ကြပြီး အကာအကွယ် မပါဘဲ ၅ ကြိမ်ထက် မနည်း လိင်ဆက်ဆံခဲ့ကြတယ်လို့ ဆိုပါတယ်။ ၂၀၁၄ ခုနှစ်မှာလည်း ကိုယ်ဝန်ရခဲ့ပြီး ချာလီရှိန်းက အတင်းအကျပ် ဖျက်ချခိုင်းခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။ ဒီအတွက် ထိုက်ထိုက်တန်တန် လျှော်ကြေးပေးဖို့ တရားလိုဘက်က တောင်းဆိုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up