A d v e r t i s e m e n t With Us

မတရား​ဖမ်း​ထား​သဖြင့်​ ပြန်လွှတ်​ပေး​ရန် နိုင်ငံ​ရေး​အကျဉ်း​သား​ ၅ ဦး​ ​တောင်း​ဆို

မိတ္ထီလာ​ေထာင် (ဓာတ်ပံု - Google Earth)
အစိုး​ရ​ဟောင်း​လက်ထက်မှာ မတရား​ဖမ်း​ဆီး​ ချုပ်​နှောင်ထား​တာ ဖြစ်တဲ့​အတွက် လက်ရှိအစိုး​ရသစ်လက်ထဲမှာ လွှတ်​ပေး​ဖို့​နဲ့​ မလွှတ်ရင် အများ​ပြည်သူ​ရှေ့​မှာ အမှုပြန်လည် စစ်​ဆေး​ဖို့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၅ ဦး​က သမ္မတသစ် ဦး​သိန်း​စိန်ထံ ဒီက​နေ့​ လက်မှတ်ထိုး​ ​တောင်း​ဆိုလိုက်ပါတယ်။ [caption id="attachment_12547" align="alignleft" width="310" caption="မိတ္ထီလာ​ထောင် (ဓာတ်ပုံ - Google Earth)"][/caption] မိတ္ထီလာ​ထောင်မှာ အကျဉ်း​ကျ​နေတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ကိုထွန်း​ထွန်း​နိုင်၊​ ကိုထွန်း​ထွန်း​ဦး​၊​ ကိုညိုဝင်း​၊​ ကိုမြတ်ကိုနဲ့​ ဦး​ဥာဏ်ဝင်း​ (​ခေါ်) အရှင်စန္ဒဝရ တို့​က စု​ပေါင်း​ လက်မှတ်ထိုး​ပြီး​ ​ထောင်ပိုင်ကို စာတင်ထား​တာ ဖြစ်ပါတယ်။ ဒီ​နေ့​ ​ထောင်ဝင်စာသွား​တွေ့​ခဲ့​တဲ့​ ကိုထွန်း​ထွန်း​နိုင်ရဲ့​ ဇနီး​ မ​အေး​သက်က “အစိုး​ရအသစ်က အကုန်လုံး​ကို မျှမျှတတနဲ့​ အဆင်​ပြေ​အောင် လုပ်​ပေး​မယ်လို့​ ​ပြောထား​တာကို သူတို့​ဆီမှာလည်း​ သတင်း​စာ​တွေ ဖတ်ရတယ်။ အဲဒါ​ကြောင့်​မို့​လို့​ အရင်အစိုး​ရအ​ဟောင်း​တုန်း​က မတရား​သဖြင့်​ ဖမ်း​ဆီး​ပြီး​ ​ထောင်ချထား​တယ်။ အပြစ်မရှိဘဲနဲ့​ ဖမ်း​ထား​တယ်။ အဲဒါကို အခု သမ္မတ ဦး​သိန်း​စိန်အ​နေနဲ့​ ဒီဟာကို မှန်မှန်ကန်ကန် အများ​ရှေ့​မှောက်မှာ မှန်ကန်တဲ့​ တရား​စီရင်​ရေး​နဲ့​ လွှတ်​ပေး​ရင်လည်း​ လွှတ်​ပေး​၊​ မလွှတ်​ပေး​ရင်လည်း​ အများ​ပြည်သူ​ရှေ့​မှာ ပြန်ပြီး​တော့​ စိစစ်​ပေး​၊​ မတရား​သဖြင့်​ ဖမ်း​ထား​တယ်ဆိုတာကို မှန်မှန်ကန်ကန်နဲ့​ လုပ်​ပေး​စေချင်တယ်။ အဲဒီအတိုင်း​ကို ​ရေး​ထား​တယ်။ ​ထောင်ထဲက​နေ သမ္မတကြီး​ ဦး​သိန်း​စိန်ဆီကို တင်​ပေး​ဖို့​ဆိုပြီး​ သူတို့​ ၅ ဦး​ လက်မှတ်စုထိုး​ပြီး​တော့​ ​ထောင်ပိုင်ကို ဒီ​နေ့​ပဲ တင်ထား​တယ်။ တင်​ပေး​မ​ပေး​ မသိဘူး​ပေါ့​” လို့​ ​ပြောပါတယ်။ ကိုထွန်း​ထွန်း​နိုင်ဟာ ၂၀၀၈ ဇန်နဝါရီလမှာ ဖမ်း​ဆီး​ခံရပြီး​ သူ့​ကို နိုင်ငံ​တော် အကြည်ညိုပျက်​စေမှု၊​ အီလက်ထ​ရောနစ်ပုဒ်မတို့​နဲ့​ တရား​စွဲဆိုကာ ​ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခဲ့​ရပြီး​နောက် အယူခံဝင်ရာမှာ ၇ နှစ် ​လျှော့​ပေး​လိုက်တာ​ကြောင့်​ ​ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံခဲ့​ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up