A d v e r t i s e m e n t With Us

ဆီးရီးယားတွင် တိုက်ပွဲဖြစ်နေသည့် ဗွီဒီယိုဖိုင် ထွက်ပေါ်

ဆီးရီးယားနိုင်ငံ အလပ်ပိုမြို့ အနီးတ၀ိုက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ပုံကို ရိုက်ကူးထားတဲ့ ဗွီဒီယိုတွေ လူမှုကွန်ရက် မီဒီယာပေါ် ရောက်လာပါတယ်။ ဗွီဒီယိုတခုမှာ ကာဖာဆိုတဲ့ အလပ်ပိုမြို့ မြောက်ပိုင်းက ပြည်နယ်မှာ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အကြမ်းဖက်အဖွဲ့နဲ့ ဆီးရီးယား လွတ်လပ်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတာကို ရိုက်ကူးထားပါတယ်။ နောက်ဗွီဒီယိုတခုမှာ သမ္မတ အာဆတ်ကို သစ္စာခံတဲ့ တပ်တွေရဲ့ ခြေကုပ်စခန်းရှိရာ အလပ်ပိုမြို့ကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ပုံတွေ ပါဝင်ပါတယ်။ နောက်ထပ် ဗွီဒီယိုတခုမှာလည်း ရုရှား လေကြောင်းထိုးစစ်က အန်ဒန်ဆိုတဲ့မြို့ကို ဗုံးကြဲနေတဲ့ပုံလို့ ဆိုပါတယ်။ လူတွေ အတော်များများ ဒဏ်ရာရကြပြီး ကလေးငိုသံတွေ၊ ဆရာဝန်တွေ အပြေးအလွှား  ကုသပေးနေတဲ့ပုံတွေ ပါဝင်ပါတယ်။ အခုဆိုရင် ဆီးရီးယားမြေပေါ်က အိုင်အက်စ်အဖွဲ့ကို နှိမ်နင်းဖို့ စစ်ဆင်ရေးမှာ အင်အားကြီးနိုင်ငံတွေ အားလုံးနီးပါး ပါဝင်နေကြပါပြီ။ ဗြိတိသျှအမတ်တွေကလည်း ဒီဇင်ဘာ ၂ ရက်နေ့မှာ မဲခွဲဆုံးဖြတ်ပြီး အမေရိကန် ဦးဆောင်တဲ့ ဆီးရီးယား စစ်ဆင်ရေးမှာ ပူးပေါင်း ပါဝင်လာပါတယ်။

A d v e r t i s e m e n t With Us

More News
Up