A d v e r t i s e m e n t With Us

မြောက်ကိုရီးယားခေါင်းဆောင် ဒုံးကျည်စမ်းသပ်မှု ကြည့်ရှုသည့်ရုပ်သံ ဖြန့်ချိ

မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာမှာ ခေါင်းဆောင်ကြီး ကင်ဂျုံအန်းက ရော့ကက် ဒုံးကျည်စမ်းသပ်မှုတခုကို ကြည့်ရှုနေတဲ့ သတင်းကို ဒီဇင်ဘာ ၃ ရက်နေ့က ထုတ်လွှင့်ပါတယ်။ လေ့ကျင့်ခန်းကို လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့က ပြုလုပ်တာလို့ သတင်းက ဆိုပါတယ်။ နိုင်ငံပိုင် ရုပ်သံလိုင်း KRT ရဲ့ သတင်းအရ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ လေးဖွဲ့က ပူးပေါင်းပြီး နိုင်ငံရဲ့ အနောက်ပိုင်း နယ်စပ်မှာ လေ့ကျင့်ခန်းကို ပြုလုပ်တာ ဖြစ်ပါတယ်။ ရုပ်သံဖိုင်ထဲမှာ ခေါင်းဆောင်ကြီး ကင်ကို ပြုံးပြုံးရွှင်ရွှင်တွေ့ရပြီး ရော့ကတ် ဒုံးကျည်တွေ၊ ခေတ်မီဖို့နဲ့ ပစ်မှတ်တွေ တိကျဖို့ ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်တဲ့ နေရာအတိအကျကိုတော့ မပြောပေမယ့် နိုဝင်ဘာတုန်းက လုပ်ခဲ့တဲ့ လေ့ကျင့်ခန်းတခု ဖြစ်တယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားရဲ့ လက်နက် အစီအစဉ်တွေကို အထောက်အပံ့ဖြစ်စေနိုင်တဲ့ ကုန်သွယ်မှုတွေကို ဒဏ်ခတ်ပိတ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂက ချမှတ်ထားပါတယ်၊ ၂၀၁၃ တုန်းက နျူးကလီးယားစမ်းသပ်မှု တခုကို ပြုလုပ်ခဲ့လို့ အဓိက မဟာမိတ်ဖြစ်တဲ့ တရုတ်အပါအ၀င် နိုင်ငံတကာက အပြစ်တင်ခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up