ငွေကြေးအခက်အခဲကြောင့် အလောင်းအစားဖြင့် သံချောင်းကို မျိုချ

1.4K
တရုတ်နိုင်ငံအရှေ့ပိုင်း၊ နင်းဘိုမြို့မှာ အမျိုးသားတဦးဟာ အလောင်းအစားနဲ့ ၁၂ စင်တီမီတာ အရှည်ရှိတဲ့ သံချောင်းကို မျိုချခဲ့ပါတယ်။
ဂွန်းအမည်ရတဲ့ အဲဒီအမျိုးသားဟာ ယွမ်ငွေ ၆၀၀၀ အနိုင်ရဖို့အတွက် သံချောင်းကိုမျိုချဖို့ အလောင်းအစား လုပ်ခဲ့တာလို့ တရုတ်ပြည်သူ့နေ့စဉ်သတင်းမှာ ဒီဇင်ဘာ ၃ ရက်နေ့က ဖော်ပြပါတယ်။
အဲလိုမျိုချခဲ့ပြီး ရက်အနည်းငယ်အကြာမှာတော့ သံချောင်းဟာ အစာအိမ်ကို ထိုးမိခဲ့ပြီး သေလုမျောပါးဝေဒနာ ခံစားခဲ့ရတာပါ။
ဂွန်းဟာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက သူ့နေအိမ်ကို စွန့်ခွာပြီး နင်းဘိုမှာ စီးပွားရေးလုပ်ဖို့ လာခဲ့တာဖြစ်ပေမယ့် မျှော်လင့်ထားသလို အဆင်မပြေခဲ့လို့ ခုလို ငွေကြေးအတွက် စွန့်စားခဲ့ရတာလို့ ပြောပါတယ်။
ခုချိန်မှာတော့ ဂွန်းရဲ့ကိုယ်ခန္ဓာထဲက သံချောင်းကို ဆရာဝန်က ထုတ်ယူပေးနိုင်ခဲ့ပြီး ခွဲစိတ်မှု ကုန်ကျစရိတ်ဟာ ယွမ်ငွေ ၁၀၀၀၀ ကျော် ကျသင့်စေခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ခုချိန်မှာတော့ ဂွန်းရဲ့ကိုယ်ခန္ဓာထဲက သံချောင်းကို ဆရာဝန်က ထုတ်ယူပေးနိုင်ခဲ့ပြီး ခွဲစိတ်မှု ကုန်ကျစရိတ်ဟာ ယွမ်ငွေ ၁၀၀၀၀ ကျော် ကျသင့်စေခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။