A d v e r t i s e m e n t With Us

မန်ယူ နောက်ခံလူ ရိုဂျို လေ့ကျင့်ရေးကွင်းတွင် ဒဏ်ရာရ

မန်စီးတီးနှင့်ပွဲစဉ်တုန်းက ပခုံးအဆစ်လွဲ ဒဏ်ရာရှိခဲ့စဉ်
မန်ချက်စတာ ယူနိုက်တက်အသင်း နောက်တန်းသမား ရိုဂျိုဟာ ဒီဇင်ဘာ ၂ ရက်နေ့က လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်နေတုန်း ပခုံးအဆစ်လွဲတဲ့ ဒဏ်ရာရသွားပါတယ်။ အသက် ၂၅ နှစ်အရွယ် အာဂျင်တီးနား နောက်တန်းသမားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက မန်ချက်စတာ စီးတီးနဲ့ ကစားတဲ့ပွဲမှာ ပခုံးအဆစ်လွဲတဲ့ ဒဏ်ရာ ရဖူးထားပါတယ်။ ဒဏ်ရာအတွက် ခွဲစိတ်ကုသစရာ မလိုပေမယ့် ၁ လလောက်တော့ အနားယူရမှာ ဖြစ်ပါတယ်။ မန်ယူက ဘယ်နောက်တန်းသမား ရိုဂျိုကို ပေါင် ၁၆ သန်းပေးပြီး ပေါ်တူဂီကလပ် စပို့တင်း လစ်စ်ဘွန်းကနေ ၂၀၁၄ မှာ ခေါ်ယူထားတာပါ။ သူဟာ ဒီနှစ်ရာသီမှာ မန်ယူအတွက် ၁၁ ပွဲ ပါဝင် ကစားခွင့် ရထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up