A d v e r t i s e m e n t With Us

ချန်ပီယံ တိုင်ဆန်ဖူရီကို မကျေပွဲ စိန်ခေါ်ထိုးမည်ဟု ကလစ်ရှ်ကိုပြော

ဝါဒီမာ ကလစ်ရှ်ကို (အနီ) နှင့် တိုင်ဆန်ဖူရီ
ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း ၀ါဒီမာ ကလစ်ရှ်ကိုက လက်ရှိ ချန်ပီယံ တိုင်ဆန် ဖူရီနဲ့ နောက်ထပ် စိန်ခေါ်ပွဲထိုးဖို့ ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ ယူကရိန်း လက်ဝှေ့သမား IBF, WBA နဲ့ WBO ချန်ပီယံဟောင်း ကလစ်ရှ်ကိုဟာ အသက် ၂၇ နှစ်အရွယ် အင်္ဂလိပ်လက်ဝှေ့သမား ဖူရီကို ပြီးခဲ့တဲ့အပတ်က ဂျာမနီမှာ ယှဉ်ပြိုင်တဲ့  စိန်ခေါ်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံသရဖူကို လွှဲပြောင်းပေးခဲ့ရပါတယ်။ အသက် ၃၉ နှစ်အရွယ် ကလစ်ခ်ျကိုကတော့ ဖူရီနဲ့ စိန်ခေါ်ပွဲက လာမယ့်နှစ်ထဲမှာ ဖြစ်လာဖို့ ရှိတယ်လို့ ပြောပါတယ်။ ဖာရီဟာ ကလစ်ခ်ျကိုကို ရမှတ်နဲ့ အနိုင်ရယူပြီး ကလစ်ခ်ျကို ထိန်းသိမ်းနိုင်ခဲ့တဲ့ ၉ နှစ်ကြာ ချန်ပီယံဘွဲ့ကို လွှဲပြောင်း ရယူနိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up