A d v e r t i s e m e n t With Us

ပါကစ္စတန် စာသင်ကျောင်း စီးနင်းပစ်ခတ်ခဲ့သည့် လူ ၄ ဦးကို ကြိုးပေးကွပ်မျက်

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း ပါကစ္စတန်နိုင်ငံ၊ အနောက်မြောက်ပိုင်း ပက်ခ်ျဝါမြို့မှာ စာသင်ကျောင်းတခုကို စီးနင်းပစ်ခတ်မှုနဲ့ ပတ်သက်တဲ့ လူ ၄ ဦးကို ဒီဇင်ဘာ ၂ ရက်နေ့က ကြိုးပေးကွပ်မျက်ခဲ့တယ်လို့ ပါကစ္စတန်မီဒီယာတွေနဲ့ လုံခြုံရေး သတင်းရင်းမြစ်တွေက ဆိုပါတယ်။ အကြမ်းဖက်မှုနဲ့ ကြိုးပေးခဲ့သူ ၄ ဦးကို အထူးစစ်ခုံရုံးနဲ့ စစ်ဆေးခဲ့ပြီး ဒီစာသင်ကျောင်း ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ပထမဆုံး ကြိုးပေးကွပ်မျက်ခံရသူတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်မှာ ပါကစ္စတန်စစ်တပ်ပိုင် စာသင်ကျောင်း အကြမ်းဖက် ပစ်ခတ်မှုအတွင်း လူ ၁၅၀ သေဆုံးပြီး အများစုက ကျောင်းသူကျောင်းသားတွေ ဖြစ်ကြပါတယ်။ အဲဒီပစ်ခတ်မှုကို တာလီဘန်စစ်သွေးကြွတွေက လုပ်ဆောင်ခဲ့တာလို့ တာဝန်ခံ ပြောဆိုခဲ့ပါတယ်။ အဲဒီ အကြမ်းဖက်စီးနင်းမှု ဖြစ်ခဲ့ပြီး တနှစ်ပြည့်ဖို့ ၂ ပတ်အလိုမှာ ဆက်နွယ်သူတွေကို အခုလို ကြိုပေးကွပ်မျက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီစာသင်ကျောင်း အကြမ်းဖက်မှုအပြီး ပါကစ္စတန်နိုင်ငံက အကြမ်းဖက်မှု ဥပဒေတွေကို တင်းကျပ်ခဲ့ပြီး ၆ နှစ်ကြာ ရပ်ဆိုင်းထားတဲ့ သေဒဏ်ကိုလည်း ပြန်လည်ပြဋ္ဌာန်းခဲ့ပါတယ်။ အကြမ်းဖက်မှုနဲ့ ဖမ်းဆီးခံရသူတွေကိုလည်း စစ်ခုံရုံးတင် စစ်ဆေးပြီး အပြင်းထန်ဆုံး အပြစ်ဒဏ်တွေကို ချမှတ်ခဲ့တာပါ။ အခုလည်း ဒီအကြမ်းဖက်တရားခံ ၄ ဦးကို ကွပ်မျက်ဖို့ ဒီတပတ်အစောပိုင်းကပဲ ပါကစ္စတန် ကာကွယ်ရေးဦးစီးချုပ်က ထောက်ခံ အတည်ပြုပေးခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up