A d v e r t i s e m e n t With Us

တောင်ကိုရီးယားရှိ ပြည်ပြေးများကို ကင်ဂျုံအန်းအဒေါ် တရားစွဲ

ကိုယောင်ဆတ် မြောက်ကိုရီးယားတွင် နေထိုင်ခဲ့စဉ်က
အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အဒေါ်က တောင်ကိုရီးယားက ပြည်ပြေး ၃ ဦးကို အသရေ ဖျက်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။ ကင်ဂျုံအန်း ဆွစ်ဇာလန်မှာ ကျောင်းတက်စဉ် စောင့်ရှောက်လာခဲ့တဲ့ ကိုယောင်ဆတ်က သူရဲ့ မိသားစုနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေကို ဖြန်ချိတဲ့အတွက် တရားစွဲလိုက်တာဖြစ်ပါတယ်။ သူရဲ့ကိုယ်စား တောင်ကိုးရီးယားက ရှေ့နေက တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် ပြင်သစ်မှာ ကွယ်လွန်သွားတဲ့ ကင်အမေရဲ့ ညီမက ၂၀၁၃-၁၄ ရုပ်သံ စကားပြောမှာ ပြည်ပြေးတွေရဲ့ ပြောဆိုချက်အတွက် လျော်ကြေး ဒေါ်လာ ၅၁၉၀၀ ရယူလိုနေတာ ဖြစ်ပါတယ်။ ကင်ဂျုံအီလ်းရဲ့ လျှို့ဝှက်ငွေကြေးတွေကို ယောင်က စီမံခန့်ခွဲပေးရတယ်လို့ စွပ်စွဲထားတာ ဖြစ်ပါတယ်။ အခြေမခိုင်တဲ့ စွပ်စွဲပြောဆိုချက်တွေကို ပြည်ပြေးတွေက ပြုလုပ်ခဲ့တယ်လို့ ရှေ့နေက ပြောပါတယ်။ စွဲဆိုခံထားရတဲ့သူတွေက မြောက်ကိုရီးယား ၀န်ကြီးချုပ်ဟောင်း သားမက်၊ မြောက်ကိုရီးယား သံအရာရှိနဲ့ မြောက်ကိုရီးယား ကိုယ်စားလှယ်တို့ ဖြစ်ပါတယ်။ ကိုယောင်ဆတ်ဟာ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း မြောက်ကိုးရီးယားကနေ ထွက်ပြေးလာပြီး တောင်ကိုးရီးယားမှာ နေထိုင်ခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာ အမျိုးသားဖြစ်သူနဲ့ အတူ အမေရိကန်မှာ ခိုလှုံခွင့်တောင်းခံခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up