A d v e r t i s e m e n t With Us

မိုးပျံပူဖောင်းနှင့် စပိန်မြေအောက်ရထား ၀ိုင်ယာကြိုး ထိမိပြီး ပေါက်ကွဲမှုဖြစ် (ရုပ်သံ)

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့၊ မြေအောက်ရထားဘူတာရုံတခုမှာ ဒီဇင်ဘာ ၂ ရက်နေ့က ကလေးကစားစရာ မိုးပျံပူဖောင်းလွတ်ထွက်ကာ ရထားဝိုင်ယာကြိုးနဲ့ ထိမိပြီး ပေါက်ကွဲမှုဖြစ်ခဲ့လို့ ၁ နာရီကျော်ကြာ ခရီးစဉ်တွေ နှောင့်နှေးခဲ့ရပါတယ်။ အဲဒီနေ့မနက် ၇ နာရီ ၁၅ မိနစ်လောက်မှာ ကလေးငယ်ဟာ သူ့မိဘတွေနဲ့အတူ ဘူတာရုံတွင်း ရှိနေစဉ်မှာ မိုးပျံပူဖောင်းက လွတ်ထွက်ပြီး ခုလိုဖြစ်ခဲ့တာလို့ ဒေးလီးမေရာ သတင်းမှာ ဖော်ပြပါတယ်။ မိုးပျံပူဖောင်း လွတ်ထွက်သွားခဲ့စဉ်မှာ ရထားတွေထဲက ခေါင်းတွဲတခုထဲပါဝင်တဲ့ အလူမီနီယံနဲ့ ပူဖောင်းတွင်း ထည့်သွင်းထားတဲ့ ဟီလီယံဓာတ်ငွေ့ ဓာတ်ပြုကာ ၀ါယာကြိုးတလျှောက် မီးဖွားတွေလွင့်စင်ခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်မှာ တွေ့ရပါတယ်။ မြေအောက်ရထားဘူတာရုံအပြင်ဘက် လမ်းဘေးဈေးသည်တွေဆီက ဒီမိုးပျံပူဖောင်းကို ၀ယ်ယူခဲ့တာ ဖြစ်နိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ အဲဒီလို ပူဖောင်းတွေဟာ အရင်ကလည်း မတော်တဆ ထိခိုက်မှုတွေ ဖြစ်ဖူးတာကြောင့် မြေအောက်ရထားဘူတာရုံတွေမှာ ရောင်းချခွင့် မကြာခဏ ပိတ်ပင်မှုတွေ လုပ်ရတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up