ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ် နိုင်ငံခြားထွက်ခွင့် ပိတ်ခံရ

ဓာတ်ပုံ - ရိုက်တာ
1.8K
ထိုင်းနိုင်ငံ ဗဟိုတရားရုံးက ၀န်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝပ် နိုင်ငံခြားထွက်ခွင့် တောင်းဆိုချက်ကို ပယ်ချလိုက်ပါတယ်။
ယင်လတ်ဟာ ဥရောပပါလီမန်အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးပွဲတက်ရောက်ဖို့ တောင်းဆိုထားပေမယ့် ဒီခရီးသွားရောက်ဖို့ အကြောင်းပြချက်က ခိုင်လုံမှုမရှိဘူးဆိုပြီး ပယ်ချလိုက်တာ ဖြစ်ပါတယ်။
ဒီတပတ်အစောပိုင်းက ထိုင်းနိုင်ငံရေးနဲ့ ပတ်သက်ပြီး အမြင်တွေကို မျှဝေဖို့ ဥရောပသမဂ္ဂ ပါလီမန်က ဖိတ်ကြားခဲ့တာကို ယင်လတ်ရှေ့နေတွေက တရားရုံးကို တင်ပြတောင်းဆိုခဲ့ပါတယ်။
တရားရုံးက အစောပိုင်းမှာ ဆန်အရှုပ်တော်ပုံအတွက် ဘတ်သန်း ၃၀ အာမခံနဲ့ ယင်လတ်ကို လွှတ်ထားတာ ဖြစ်ပါတယ်။
တရားရုံးရဲ့ ခွင့်ပြုချက်မရဘဲ နိုင်ငံရပ်ခြားကို ယင်လတ်အနေနဲ့ သွားရောက်ခွင့်ရမှာ မဟုတ်ပါဘူး။