Home
မြန်မာသတင်း
ကေအိုင်​အေက ထိန်း​ချုပ်​မြေထဲဝင်လာသူများ​ကို စစ်​ဆေး
အေးနိုင်
·
July 11, 2011
အခုလ (၉) ရက်​နေ့​က ကချင်ပြည်နယ် မံစီမြို့​နယ် ပ​လောင်ဒိန်ဆာရွာအနီး​မှာ ​မော်​တော်ယာဉ်နဲ့​ စီး​နင်း​လာသူ အရပ်သား​ (၁၂) ဦး​ကို လမ်း​လုံခြုံ​ရေး​ယူထား​တဲ့​ ​ကေအိုင်​အေတပ်က ​ခေါ်ယူ​မေး​မြန်း​ခဲ့​ပြီး​တဲ့​နောက် ပြန်ခွင့်​ပေး​လိုက်ပြီလို့​ ​ကေအိုင်​အေက ​ပြောပါတယ်။ ကေအိုင်အို​ပြောခွင့်​ရသူ ဦး​လနန်း​က “မံစီမြို့​နယ် ကိုက်ထိပ်ဘက်မှာ သူတို့​ရဲ့​ ကုန်ကား​ထင်တယ်။ လမ်း​မှာပျက်သွား​လို့​ သွား​ဆွဲယူဖို့​ လာကြတယ်။ သူတို့​ အုပ်စုလိုက်ကြီး​ ကား​နဲ့​ဝင်လာ​တော့​ ဘယ်လိုလဲဆိုပြီး​တော့​ ရပ်ပြီး​တော့​ ​မေး​မြန်း​ပြီး​ အထက်ကို တင်ပြပါတယ်။ ​မေး​မြန်း​ပြီး​ အဲဒီညက မိုး​ချုပ်သွား​တော့​ တညအိပ်တယ်။ မ​နေ့​က​ပေါ့​နော် ပြန်လွှတ်လိုက်ပါပြီ။ သူတို့​တပ်ဖွဲ့​ဝင်​တွေ မဟုတ်ပါဘူး​” လို့​ ​ပြောပါတယ်။ အဲဒီ ၁၂ ဦး​ထဲမှာ မံစီပြည်သူ့​စစ် စီး​ပွား​ရေး​ဌာနက ဝန်ထမ်း​ (၃) ဦး​နဲ့​ အရပ်သား​ (၉) ဦး​ ဖြစ်တယ်လို့​ ဆိုပါတယ်။ စစ်အစိုး​ရလက်ထက် အပစ်ရပ်အဖွဲ့​တွေ နယ်ခြား​စောင့်​တပ် ​ပြောင်း​လဲ​ရေး​ စီမံကိန်း​ရဲ့​ ရလဒ်အဖြစ် လက်ရှိအစိုး​ရတပ်နဲ့​ ​ကေအိုင်အိုကြား​ ဇွန် (၉) ရက်​နေ့​က စတင်တိုက်ခိုက်​နေတာဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲ​ရေး​ ​ဆွေး​နွေး​နိုင်ဖို့​ နှစ်ဘက်တာဝန်ရှိသူ​တွေ သုံး​ကြိမ်ထက်မနည်း​ ​တွေ့​ဆုံပြီး​ဖြစ်​ပေမယ့်​ အပစ်ရပ်​ရေး​ ​ဆွေး​နွေး​တဲ့​အဆင့်​ မ​ရောက်​သေး​ပါဘူး​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024